၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ပညာရည်ချွန်ဆုနှင့် ဘက်စုံထူးချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ပညာရည်ချွန်ဆုနှင့် ဘက်စုံထူးချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ





MNP  -  ဇန်နဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူနယ်တွင် ၊၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရေး စုံညီပွဲတော်၊ ပညာရည်ချွန်ဆုနှင့် ဘက်စုံထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉နာရီ အချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ကာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဟိန်းထက်ဇော်နှင့် မြို့နယ် ပညာရေးမှူး ဆရာကြီး ဦးလှဌေးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်ရင်နုမှ အမှာစကားပြောကြားပြီး၊ KG ကျောင်းသား၊ ကျောင်းသူ ကလေးများမှ အကအလှဖြင့် ကပြဖျော်ဖြေခဲ့သည်။


ဆက်လက်၍ ၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲတွင်ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများမှ ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများမှ တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ     မိဘများအား အကများဖြင့်    ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)