MNP - ဇန်နဝါရီ ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၌ ပြည်သူများ ဈေးနှုန်းသက်သာစွာ ဆီဝယ်ယူနိုင်ရေးအတွက် နေပြည်တော်ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့ နံနက်ပိုင်းက ဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို နေပြည်တော်ဆီလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ အိမ်ထောင်စုတစ်စုလျှင် စားအုံးဆီ တစ်ပိဿာလျှင် (၄၉၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၂၀၀ အတွက် ဆီပိဿာ (၂၀၀) ရောင်းချပေးခဲ့ကြောင်း သိရသည်။
သန္တာလင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment