ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား အခြေခံစားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား အခြေခံစားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်








MNP  -   ဇန်နဝါရီ  ၂၇

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးမှ ထောက်ပံ့ ပေးအပ်သောထောက်ပံ့ငွေများအား အခြေခံစားနပ်ရိက္ခာများဝယ်ယူ၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း များ အား ထောက်ပံ့ ပေး အပ်ခြင်းကို ယနေ့ နေ့လယ် ၂ နာရီအချိန်  အဆိုပါရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြည်ထဲရေးဝန်ကြီးဌာန ၊ ပြည်ထောင် စု ဝန်ကြီး ရောက်ရှိချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့သော ထောက် ပံ့ငွေများအား အခြေခံစားနပ်ရိက္ခာများဝယ်ယူ၍ ဝန်ထမ်း များအား ထောက်ပံ့ ပေးအပ်ခြင်း နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ 


ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မောင် တော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း  (၅၄)ဦး အတွက် တစ်ဦးလျှင် ဆီ ၊ ငါးသေတ္တာ ၊ ဆား ၊ အချိုမုန့် ၊ ခေါက်ဆွဲ ၊ ကြက်သွန်နီ ၊ ကြက်ဉ စုစုပေါင်း အမျိုးအစား (၇)မျိုးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူ များ က ဝန်ထမ်းများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြရာ ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားခဲ့ ကြောင်း သိရသည်။


သက်လွင်စိုး၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)