ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတားများ တည်ဆောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတားများ တည်ဆောက်


MNP -  ဇန်နဝါရီ ၁၀

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေး-လားရှိုး- ဗန်းမော်-မြစ်ကြီးနားလမ်းပေါ်ရှိ အရှည် ၃၂၁၂ ပေ ဗလမင်းထင်တံတား အမှတ်(၂)တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ တံတားတည်ဆောက်ရေးရှင်းလင်းဆောင်တွင် တာဝန်ခံအင်ဂျင်နီယာက တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ တံတားဆိုင်ရာအချက်အလက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းတွင်အရေးပါသည့် ဧရာဝတီမြစ်ကူးဗလမင်းထင်တံတား အမှတ်(၂)ကို ပြည်သူများ သွားလာရေးလွယ်ကူအဆင်ပြေစေရန် တံတားသစ်ကိုတည်ဆောက်ပေးခြင်းဖြစ်ပါကြောင်း၊ တံတားတည်ဆောက်နေစဉ် ရေလမ်းကြောင်းပြောင်းလဲမှုမရှိစေရေး သက်ဆိုင်ရာအဖွဲ့များဖြင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ တံတားချဉ်းကပ်လမ်းမြေကြီးလုပ်ငန်းများကို တစ်ပြိုင်တည်းဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ပါကြောင်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများအရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးနှင့် သက်မှတ်ချိန်အတွင်းပြီးစီးရေး ကြိုးစားဆောင်ရွက်ရန်တို့ကို မှာကြားပြီး တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။


ယခုတည်ဆောက်နေသော ဗလမင်းထင်တံတားအမှတ်(၂)သည် နိုင်ငံ၏အသက်သွေးကြောမြစ်ဧရာ စတင်ဖြစ်ပေါ်ရာ မြန်မာပြည်မြောက်ဖျားပိုင်းရှိ သွေးချင်းတိုင်းရင်းသားတို့နေထိုင်ရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး နိုင်ငံ၏စီးပွားရေးတွင် အချက်အခြာကျသည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့်ထိစပ်သည့် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသည့်အတွက် များစွာအကျိုးကျေးဇူးရရှိမည်ဖြစ်သည်။


ဗလမင်းထင်တံတား အမှတ်(၂)သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင်တည်ရှိပြီး တံတားအမျိုးအစားမှာ Steel Box Girder and RCC Slab တံတားအမျိုးအစားဖြစ်ပြီး တံတားအရှည် ၃၂၁၂ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၇ ပေ ၁၀ လက်မ၊ လူသွားလမ်းတစ်ဖက်လျှင် ၃ ပေ ၄ လက်မပါရှိပြီး တံတားအောက်ရေလမ်းကင်းလွတ် အကျယ်ပေ ၃၅၀၊ အမြင့် ၂၆ ပေ ၃ လက်မရှိကာ ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာ ၇၅ တန်ဖြစ်သည်။ ယခုအခါ တံတားတစ်စင်းလုံး (၂၀ ရာခိုင်နှုန်း)ပြီးစီးနေပြီး သတ်မှတ်ကာလအတွင်းပြီးစီးရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်လမ်းဦးစီးဌာနမှ အရှည် ၈ မိုင် ၃ ဖာလုံ နန်ပေါင်လေယာဉ်ကွင်း ရှောင်ကွင်းလမ်းဖောက်လုပ်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြားသည်။


နန်ပေါင်လေယာဉ်ကွင်း ရှောင်ကွင်းလမ်းသည် ရွှေဘို-မြစ်ကြီးနားလမ်းဘေးရှိ နန်ပေါင်လေယာဉ်ကွင်းအား ရှောင်ကွင်းသွားလာနိုင်ရန် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယခုနှစ်တွင် အရှည် ၆ မိုင် ၃ ဖာလုံ၊ အကျယ် ၂၄ ပေ ကွန်ကရစ်လမ်းခင်းမည်ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်ပြီးစီးရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ လမ်းဦးစီးဌာနရုံးတွင် အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်ရှိ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ ဗန်းမော်ခရိုင်၊ ပူတာအိုခရိုင်၊ ချီဖွေခရိုင်၊ တနိုင်းခရိုင်တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လုပ်ငန်းလမ်းညွှန်မှာကြားသည်။


တွေ့ဆုံပွဲတွင် ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ခရိုင်/အထူးအဖွဲ့တို့မှ ညွှန်ကြားရေးမှူး(မြို့ပြ)များက ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက မိမိပြည်နယ်အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြအိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ လုပ်ငန်းအခက်အခဲ၊ ကိုယ်ရေးကိုယ်တာအခက်အခဲများရှိပါက မိသားစုစိတ်ဓာတ်ထားရှိကာ ပွင့်ပွင့်လင်းလင်း အချိန်မရွေးတင်ပြနိုင်ပါကြောင်း ပြောကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ်လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)