ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ


MNP  -  ဇန်နဝါရီ ၁၀

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။


ပြောကြား


အစည်းအဝေးတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့သို့ နည်းပညာပိုင်းဆိုင်ရာ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်မှု အကြံပြုချက်များအပေါ် စံနှုန်းသတ်မှတ်ချက်တိုးမြှင့်တောင်းခံနိုင်ရေးနှင့် ထပ်မံထုတ်ပြန်မည့် အမိန့်ညွှန်ကြားချက်များကို သတ်မှတ်ထားသည့်ကာလအတွင်း အပြီးဆောင်ရွက်ရန်၊ ငွေကြေးခဝါချမှုအန္တရာယ်များကို နားလည်သိရှိမှုတိုးတက်ကြောင်းပြသရန်၊ အသိပညာဖြန့်ဝေခြင်း၊ မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းအပါအဝင် ဟွန်ဒီလုပ်ငန်းများနှင့် ဆက်စပ်သည့်စည်းမျဉ်းများကို အကောင်အထည်ဖော်ဆောင်ရန်၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် သတင်းအချက်အလက်ဖလှယ်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ ငွေကြေးဆိုင်ရာထောက်လှမ်းရေး သတင်းအချက်အလက်များပေးခြင်းကို တိုးမြှင့်ဆောင်ရွက်ရန်၊ နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုများကို စုံစမ်းစစ်ဆေးရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တရားဝင်လမ်းကြောင်းနှင့် အလွတ်သဘော(Informal) လမ်းကြောင်းနှစ်ရပ်လုံးဖြင့်ဆောင်ရွက်ရန်၊ လူအများအပြားသေကျေစေသည့် လက်နက်များ ပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ်ဘဏ္ဍာရေးအရ ပစ်မှတ်ထားအရေးယူမှုဆိုင်ရာတာဝန် ဝတ္တရားများနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရန်နှင့် ရှေ့ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုဆွေးနွေးပြီး လာမည့်ဖေဖော်ဝါရီ ၁ ရက်မတိုင်မီ စံနှုန်းသတ်မှတ်ချက်တောင်းခံရာတွင် တိုးမြှင့်ရရှိစေရေးအတွက် ကြိုးပမ်းကြရန်ပြောကြားသည်။


ထို့နောက် လုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက အဆိုပါအကြံပြုချက်များ၏ စံနှုန်းသတ်မှတ်ချက် တိုးမြှင့်တောင်းခံရေးကိစ္စရပ်များကိုလည်းကောင်း၊ အကောင်အထည်ဖော်ရမည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက လိုအပ်သည်များကို ပြန်လည် ရှင်းလင်းဆွေးနွေးသည်။


အမြန်ဆုံးလွတ်မြောက်စေရေး


ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစ၍ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အားနည်းချက်များကြောင့် ထည့်သွင်းခြင်းခံရသည့် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)၏ ဆုံးရှုံးနိုင်ခြေမြင့်မားသောနိုင်ငံနှင့် ဒေသများစာရင်းမှ အမြန်ဆုံးလွတ်မြောက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အပတ်စဉ် ပုံမှန်အစည်းအဝေးများပြုလုပ်၍ သက်ဆိုင်ရာဌာနအလိုက် အကောင်အထည်ဖော်ရမည့်ကိစ္စရပ်များကို အချိန်မီပြီးစီးစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)