MNP - ဇန်နဝါရီ ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်ရုံးတွင်ဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(ဒါဘာ)ကိုယနေ့ဇန်နဝါရီ ၁၆ရက်၊နေ့လည် ၁၂ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင်ကျင်းပြုလုပ်ခဲ့ပါသည်။
ရှေးဉီးစွာ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးကရုံးလုပ်ငန်းဆောင်ရွက်မှုများအား အချိန်မှီပြီးစီးအောင်ဆောင်ရွက်ကြရန်၊စာကြည့်တိုက်ကဏ္ဍကိုအလေးထားဆောင်ရွက်ကြရန်၊နံရံကပ်စာစောင်လုပ်ငန်း၊ပြခန်းပြပွဲများ၊ ပြိုင်ပွဲများMobile Library လုပ်ငန်းများ၊ရုံးတွင်းစာဖတ်ဝိုင်းများ၊ဟောပြောပွဲလုပ်ငန်းများကိုသတ်မှတ်ချက်များအတိုင်ပြည့်မှီအောင်ဝိုင်းဝန်းလုပ်ဆောင်ကြရန်၊စာကြည့်တိုက်ပိုင်းဆောင်ရွက်ရာတွင်လည်း စာရင်းရေးသွင်းမှုတွင်မှားယွင်းမှုမရှိအောင်ဂရုစိုက်ဆောင်ရွက်ကြရန်၊နှင့်သတင်းပေးပို့မှုတို့တွင်လည်း အချိန်နှင့်တပြေးညီပေးပို့နိုင်အောင်ဆောင်ရွက်ရန် ဟောပြောပြီးလိုအပ်ချက်များရှိပါက ဆွေးနွေးတင်ပြကြရန်ဟောပြောခဲ့ပါသည်။
ဆက်လက်ပြီးဝန်ထမ်းများမှဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဦးစီးမှူးမှပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြောကြားခဲ့သည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment