ကျိုက်ထိုမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကျင်းပ






MNP  -  ဇန်နဝါရီ ၁၆

      မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနမှ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁ နာရီ တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


        အခမ်းအနားတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးမျိုးမင်းစိုး မှအဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူးမြို့နယ် စိုက် ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဗိုလ်ကရန်ပုံငွေပေးအပ်ရခြင်းရည်ရွယ်ချက်ကိုပြောကြားခဲ့သည်။


    ယင်းနောက် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင် ရေးကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမျိုးမင်းစိုး နှင့်ကော်မတီဝင်များက ကျိုက်ထိုမြို့နယ်လှည်းလမ်းကူးကျေးရွာ စီမံကိန်းကော်မတီကိုယ်စားလှယ် ထံသို့ ငွေကျပ်သိန်း(၆၀၀)ကျပ်အားလည်းကောင်း၊ကော့ထင်းကျေးရွာအုပ်စု ကိုယ်စားလှယ်ထံသို့ ငွေကျပ်သိန်း(၄၀၀)အားလည်းကောင်း၊ကျိုက်ပိကျေးရွာအုပ်စု ကိုယ်စားလှယ်ထံသို့ ငွေကျပ်သိန်း (၄၀၀)ကျပ်အားလည်းကောင်း၊အဘိုင်းကျေးရွာအုပ်စုကိုယ်စားလှယ်ထံသို့ငွေကျပ်သိန်း (၄၀၀) အားလည်းကောင်းအသီးသီးလွဲပြောင်း

ပေးအပ်ရာ ကျေးရွာအုပ်စုကိုယ်စားလှယ် များကိုယ်စား ကော့ထင်းကျေးရွာအုပ်စုကိုယ်စားလှယ် ဦးမျိုးမြင့် က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)