ကျိုက်ထိုမြို့နယ်၌မူလတန်းအဆင့် ရှေးဦး သူနာပြုစုခြင်းသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌မူလတန်းအဆင့် ရှေးဦး သူနာပြုစုခြင်းသင်တန်းဖွင့်လှစ်





MNP  -  ဇန်နဝါရီ ၁၂

     မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၌ မူလတန်းအဆင့် ‌ရှေးဦးသူနာပြုစုခြင်းသင်တန်းကို  မြို့နယ်အဆင့်အဖြစ် မြို့နယ်ကျန်းမာ ရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာန တို့တို့ပူးပေါင်း၍ ဇန်နဝါရီ ၁၂ ရက် နံနက် ၉ နာရီတွင် ကျိုက်ထိုမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရာပြည့်ခန်းမ၌ဖွင့်လှစ်ခဲ့သည်။


     သင်တန်းဖွင့်ပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ခွန်မောင်အိုး က ယခုသင်တန်းသည် နိုင်ငံ့ တာဝန်ထမ်းဆောင်နေသော ပညာ‌ ရေးဝန်ထမ်းများအနေဖြင့် ရှေးဦးပြုစုခြင်းသင်တန်းအား သိထား၊တတ်ကျွမ်းထားရမည့်သင်တန်းဖြစ်ကြောင်း ရှေးဦးပြုစုခြင်းဆိုသည်မှာမိမိပတ်ဝန်းကျင်တွင်လတ်တလောဖြစ် ပေါ်နေသည့် မတော်တဆကျန်းမာရေးနှင့်ပတ်သက်၍ လူသားချင်းကူညီစောင့် ရှောက်ပြုစု၍အသက်အန္တရာယ်ကို ကယ် ဆယ်ပေးခြင်းဖြစ်ကြောင်း ယခုသင်တန်းတွင်ရည်ရွယ်ချက်(၃)ချက်ပါဝင်ကြောင်းယင်းရည်ရွယ်ချက်မှာ အရေးပေါ်လူနာအားပြုစုခြင်း၊ရောဂါပိုးဆိုးမဝင်ရောက်စေရန်နှင့်အလျင်အမြန်‌ကောင်းမွန်စေရန် လူသားအချင်းချင်းကူညီပေးပြီးအသက်ဘေးမထိခိုက်စေရန်နှင့်ခံစားနေရသည့်ဝေဒနာသက်သာစေရန်အထောက်အကူပြုသင်တန်းဖြစ်၍သင်တန်းတက်ရောက်လာသူများအ‌နေဖြင့်သင်ကြားခဲ့ရသည့်ဘာသာရပ်များအားမိမိကျောင်းရှိဆရာ၊ဆရာမ များအားဆင့်ပွားပို့ချသင်ကြားစေလိုကြောင်းပြောကြားခဲ့သည်။


      ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်မြင့်ထွန်း မှယခုလို ကျန်းမာ ရေးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း ၍ ရှေးဦးသူနာပြုစုခြင်းသင်တန်းကိုဖွင့်လှစ်ရခြင်းမှာကျောင်းသားကျောင်းသူများနှင့်မိမိပတ်ဝန်းကျင်တွင်မ‌တော်တဆဖြစ်ပေါ်လာ သည့်ထိခိုက်ဒဏ်ရာရရှိမှုအားအရေးပေါ်ကယ်ဆယ်နိုင်သည့်ဆရာဆရာမများဖြစ်စေရန်ဖွင့်လှစ်သင်ကြားပေးသည့်သင်တန်းအားပျက်ရက်မရှိ စိတ်ပါဝင်စားစွာသင်ကြားကြရန် မှာကြားခဲ့သည်။


      အဆိုပါသင်တန်းသို့ မူလတန်း အဆင့် သင်ကြားပြသနေသည့် ဆရာ ၊ဆရာမ (၁၂၆)ဦးတက်ရောက်ပြီး သင်တန်းနည်းပြ ဆရာများက နံနက်၉ နာရီမှ ညနေ ၄ နာရီထိ (၃)ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ် ကြောင်းကျန်းမာရေး ဦးစီးဌာနမှသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)