MNP - ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ မြေပြင်တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်း ဆင်းစာရင်းကောက်ယူရေးအဖွဲ့များက ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုရှိ လူဦးရေ စာရင်းနှင့် မြေပြင်လူဦး ရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေး အတွက် မြို့ပေါ်ရပ် ကွက် များ ဖြစ်သော ထမ္မရာဇ်ရပ်ကွက်နှင့် လော်ကမူရပ်ကွက်များသို့သွားရောက်၍ ယမန်နေ့ ည နေပိုင်း အချိန်က ကွင်းဆင်းစစ်ဆေးလျှက်ရှိသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေသကိုယ်စားလှယ် ဦးမောင်အေး လှိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းကျော် နှင့်ဝန် ထမ်း များ၊ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအောင်ဝင်း နှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ကော်မရှင် မှ မြို့နယ်ဦးစီးမှူး ဒေါ်သီတာခိုင်၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် (Working Group ) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးရဲထွန်း ၊ စားသုံးသူရေးရာမှ ခရိုင်ဦးစီးမှူး ဦးလှမောင်သိန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်း တို့ပူးပေါင်း၍ မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေးအဖွဲ့များကို အိမ်ထောင်စုလူဦးရေစာရင်းများကောက်ယူရာတွင် တိကျမှန်ကန်မှုရှိ စေရေးအတွက် ကြီးကြပ်ဆောင်ရွက်လျှက်ရှိသည်။
အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိုက် ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူး စာရင်း ကောက် ယူရာတွင် မြေပြင်စာရင်းကောက်အဖွဲ့တို့မှ အိမ်ထောင်စုစာရင်းနှင့်မြေပြင်လူဦးရေစာ ရင်းများ တိ ကျမှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်း ဆင်းစစ်ဆေး လျှက် ရှိကြောင်းသိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost



No comments:
Post a Comment