ရေနံချောင်းမြို့နယ်၌ အသစ်ပေါ်ထွက်သည့် ပဲစင်းငုံများ ဈေးကောင်းရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေနံချောင်းမြို့နယ်၌ အသစ်ပေါ်ထွက်သည့် ပဲစင်းငုံများ ဈေးကောင်းရ



MNP  -  ဇန်နဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ရှိတောင်သူများ အဓိကစိုက်ပျိုးသည့် ပဲစင်းငုံပင်များ ခုတ်သိမ်းရောင်းချလျက်ရှိပြီး ဈေးကောင်းရနေကြောင်း သိရသည်။


ရေနံချောင်းမြို့နယ်ရှိ တောင်သူများသည် ပဲစင်းငုံပင်ကို နှစ်စဉ်မိုးရာသီကာလတွင်   မြေပဲ၊ နှမ်းသီးနှံတို့နှင့် အတူရော၍ သီးညှပ်စိုက်ခြင်းကို အဓိကထားလုပ်ကိုင်ကြကြောင်း သိရသည်။ လက်ရှိ ပဲစင်းငုံ ရိတ်သိမ်း ရာသီတွင် အပင်ကိုခုတ်လှဲကာ ခြောက်သွေ့အောင် တစ်ရက်၊ နှစ်ရက်ခန့် နေလှမ်းရပြီး ပလပ်စတစ် မိုးကာခင်း၍ သစ်သားတန်းယား (သို့မဟုတ်)ပေပါများတွင် ပဲစင်းငုံပင်ကို ရိုက်၍ အစေ့ ထုတ်ရကြောင်း သိရသည်။


လက်ရှိဈေးကွက်တွင် ပဲစင်းငုံတစ်တင်းကို ကျပ် ၅၀၀၀၀ မှ ကျပ် ၅၅၀၀၀ အတွင်းရောင်းချရပြီး ယခင်နှစ်က ပဲစင်းငုံ တစ်တင်းကို ကျပ် ၄၀၀၀၀ ရောင်းရကြောင်း၊ ပဲစင်းငုံအသစ်ပေါ်ချိန်ဖြစ်၍  မကွေးဈေးကွက်နှင့် ရေနံချောင်းမြို့နယ် ပွဲစားများထံ ရောင်းချလျက်ရှိပြီး ယခုနှစ်တွင် ပဲစင်းငုံ ဈေးကောင်းရသောကြောင့် တောင်သူများအဆင်ပြေကြောင်း ဒေသခံပြည်သူတစ်ဦးထံမှ သိရသည်။


ရေနံချောင်းမြို့နယ်တွင် ပဲစင်းငုံ ဧက ၁၁၈၆၇ လျာထားလုပ်ကိုင်ခဲ့ရာ ၁၇၆၆၄ စိုက်ပျိုးနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ခုနှစ် စိုက်ပျိုးရေးထုတ်လုပ်မှု စာရင်းအရ သိရသည်။


အောင်ချမ်းသာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)