နွေစပါးတစ်ဧက တင်း(၁၂၀)ထွက်ရှိရေး စံပြကွက်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွေစပါးတစ်ဧက တင်း(၁၂၀)ထွက်ရှိရေး စံပြကွက်စိုက်ပျိုးပွဲကျင်းပ



MNP  -  ဇန်နဝါရီ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ခုနှစ် နွေစပါးတစ်ဧက တင်း(၁၂၀)ကျော်ထွက်ရှိရေးအတွက် ဇလောင်းကျေးရွာအုပ်စု ကွင်းအမှတ်- ၁၈၇၉ ဦးပိုင်-၂၁ရှိ တောင်သူဦးအောင်သောင်း၏ လယ်မြေ သုံးဧကတွင် GW-11 စပါးမျိုးအား ချက်ချင်းနုတ် ချက်ချင်းစိုက်ပျိုးပွဲကို ယနေ့နံနက်၈နာရီခွဲက ကျင်းပခဲ့သည်။


အဆိုပါစိုက်ပျိုးပွဲသို့ ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးညှိနှိုင်းအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးနိုင်က နွေစပါးတစ်ဧက တင်း(၁၂၀) ထွက်ရှိသည့် မျိုးစေ့ကိုအသုံးပြုနိုင်ရေး၊ မြေပြင်ချိန်မှစတင်ပြီး ရိတ်သိမ်းချိန်အထိ ဓာတ်မြေ သြဇာနှင့် သဘာဝမြေသြဇာကို အချိန်ကိုက်၊ အချိုးကျသုံးစွဲနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အနီးကပ်ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်သူများဘက်က လည်း လိုက်နာဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားသည်။


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းက ကောက်စိုက်လုံမေများ၏ စိုက်ပျိုးမှုကို ကြည့်ရှုအားပေးပြီး ကောက်ကွက်ပြည့်မှီရေးသည် ကောက်စိုက်လုံမေများ၏ လက်ဝယ်တွင်ရှိကြောင်း ကောက်ကွက်ပြည့်မီအောင် ဆောင်ရွက် ပေးရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။


ကျော်စွာဟိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)