MNP ၊ ဇန်နဝါရီလ ၁၇
ယနေ့ နံနက်ပိုင်းက ဘားအံမြို့တွင် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချပွဲ ကျင်းပခဲ့ပြီး ဟောပြောစင်၏ အောက်ခြေတွင် အကြမ်းဖက်အားပေး အမေရိကန်သမ္မတ၏ ရုပ်ပုံအား ကြက်ခြေခတ်၍ အလိုမရှိကြောင်း ဖော်ပြခဲ့ကြသည်။
NLD ဦးဆောင်သူများ ဖွဲ့စည်းထားသည့် CRPH, NUG အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ သြဇာခံ PDF အကြမ်းဖက်သမားများမှာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်နေသည့်အပေါ် NUG ခိုးသားငါးရာအကြောင်း အမျိုးသားရေးဦးဆောင်ဆရာတော် က ရှင်းလင်းဟောပြောသွားခဲ့သည်။
ဆရာတော်က ဟောပြောရာတွင် NUG အဖွဲ့ဝင်များမှ ပြည်သူတို့၏ ဆန္ဒမဲကိုပင် ခိုးယူခဲ့ကြောင်း၊ ရဟန္တာဖြစ်မယ့် ပုဂ္ဂိုလ်များကို သတ်ဖြတ်နေကြောင်း၊ ပရဟိတဆောင်ရွက်သူများကို သတ်ဖြတ်နေကြောင်း၊ အနုပညာရှင်များအနေဖြင့်လည်း အကြမ်းဖက်လှုံ့ဆော်သူများနှင့်အတူ ရပ်တည်ဆောင်ရွက်ခဲ့ခြင်းမှာ မှားယွင်းကြောင်း၊ မိမိတို့ ကျွမ်းကျင်ပိုင်နိုင်သော ပညာဖြင့် အများပြည်သူကို အသိမှန် အမြင်မှန် ရအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မီဒီယာများတွင်လည်း မဟုတ်မမှန် လုပ်ကြံဖန်တီး ရေးသားဖော်ပြမှုများကို တွေ့မြင်နေရကြောင်း၊ သီတဂူဆရာတော်ကြီးကိုပင် စော်ကားမော်ကား လုပ်ဆောင်လာသည်ကို တွေ့ရကြောင်း ရှင်းလင်း ဟောပြောသွားခဲ့သည်။
အကြမ်းဖက်လုပ်ရပ်များ ဆန့်ကျင်ရှုတ်ချသည့် ပြည်သူများက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးမည့်အကြံ ဒို့လက်မခံ၊ UNSC ၏ ဆုံးဖြတ်ချက်အဆိုအပေါ် ကန့်ကွက်ပါသည်၊ မြန်မာ့အရေးသည် နိုင်ငံတကာလုံခြုံရေးကို ခြိမ်းခြောက်မှု မဟုတ်ပါ၊ ကုလသမဂ္ဂသည် နိုင်ငံတကာအစိုးရ မဟုတ်ပါ၊ အမေရိကန် ကမ္ဘာ့ချီးထုပ် ဝင်မရှုပ်နဲ့၊ အပြစ်မဲ့ ပြည်သူများအား အကြမ်းဖက် သတ်ဖြတ်နေမှုများ - ချက်ချင်းရပ်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ တစ်ဖက်သတ်ဆုံးဖြတ်ချက်များအား - ဆန့်ကျင်ကြ၊ အကြမ်းဖက် NUG, PDF - အလိုမရှိ၊ ပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက် နှောက်ယှက်နေသော ပြည်ပနိုင်ငံများ - အလိုမရှိ ဟူသော ဗီနီုင်းပိုစတာများ ကိုင်ဆောင် ကြွေးကြော်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အခမ်းအနားတွင် ဆရာတော်ဦသောဘိတ(စောကြယ်ဖြူဆရာတော်) နှင့် အမျိုးသားရေးလှုပ်ရှားသူ ကိုစိုင်းတို့ ပါဝင် ဟောပြောခဲ့ကြပြီး အင်အား ၂၀၀၀ ကျော် ရှိသော ငြိမ်းချမ်းရေးကို လိုလားသည့် ပြည်သူများ တက်ရောက်ပါဝင်ခဲ့ကြောင်း သိရသည်။
#MyanmarNationalPost








No comments:
Post a Comment