MNP - ဇန်နဝါရီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ပဲတီစိမ်းနှင့် နွေစပါးစိုက်စီမံကိန်းတွင် ပါဝင်သော တောင်သူများအား သွင်းအားစုများ ဖြန့်ဖြူးခြင်းကို လှည်းကူးမြို့နယ် သနပ်ပြင်ကျေးရွာတွင် ကျင်းပပြုလုပ်သည်။
ထို့နောက်မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် အဖွဲ့ဝင်များမှ ကွင်းဆင်း၍ ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ပဲတီစိမ်းနှင့် နွေစပါးစိုက်စီမံကိန်းတွင် ပါဝင်သော တောင်သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သွင်းအားစုဖြန့်ဖြူးရေးအဖွဲ့နှင့် အကျိုးဆောင် ကုမ္မဏီတို့မှ တာဝန်ခံများတို့က သနပ်ပြင်ကျေးရွာနှင့် ဝါးရုံစွန်းကျေးရွာတို့မှ တောင်သူ(၅၇)ဦးအား ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်း စိုက်ပျိုးမည့် ဧက(၄၅၄)ဧကအတွက် ကောမတ်ဂျီ-၄၆ မြေသြဇာ (၉၀၈)အိတ်ကို ဖြန့်ဖြူးပေးခဲ့ကြောင်း သိရှိရသည်။
အေးအေးနွဲ့
https://t.me/MyanmarNationalPost
No comments:
Post a Comment