ရွှေသောင်ယံမြို့တွင် ပြည်သူများ လျှပ်စစ်ဓါတ်အားပြည့်ဝစွာ အသုံးပြုနိုင်ရေး ထရန်စဖော်မာ တိုးချဲ့တည်ဆောက်ခြင်းနှင့် လိုင်းကြိုးများ လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေသောင်ယံမြို့တွင် ပြည်သူများ လျှပ်စစ်ဓါတ်အားပြည့်ဝစွာ အသုံးပြုနိုင်ရေး ထရန်စဖော်မာ တိုးချဲ့တည်ဆောက်ခြင်းနှင့် လိုင်းကြိုးများ လဲလှယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်


MNP  -  ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့လျှပ်စစ်မှူး ဦးကျော်မျိုးဦးနှင့် ဝန်ထမ်းများသည် ယနေ့နံနက် (၈)နာရီမှ စတင်၍ ရွှေသောင်ယံမြို့ အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူများ လျှပ်စစ်ဓါတ်အား ပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် ၁၁/၀.၄ ကေဗွီ(၂၀၀) ကေဗွီအေ ထရန်စဖော်မာ (၁)လုံး တိုးချဲ့တည်ဆောက်ခြင်းနှင့် စံချိန်မမှီသော ၄၀၀ ဗို့ ဓာတ်အားလိုင်းကြိုးများအား Insulated Cable 95 mm2‚ 35mm2 ကြိုးတို့ဖြင့် အစားထိုး လဲလှယ်ဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်တွင်လည်း ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အသုံးပြုနိုင်ရေးတို့ကို ရည်ရွယ်၍ Insulated Cable 95mm2‚ 35mm2 ကြိုးတို့ဖြင့် 400 V ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)