ဒဂုံတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ



MNP - ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ဒဂုံတက္ကသိုလ်အားကစားနှင့်ကာယပညာကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဒဂုံတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဘော်လီဘောအမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနားကို အဆိုပါ တက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားရုံ၌ ယမန်နေ့မွန်းလွဲပိုင်း(၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါဒဂုံတက္ကသိုလ်ဘာသာရပ်အလိုက် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ရာတွင် ဒဂုံတက္ကသိုလ်မှ အင်ဂျင်နီယာဌာနမှူး ဦးစည်သူမြင့်က မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဒိုင်များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်ရာ ဘော်လီဘောအဖွဲ့ချုပ်ဒိုင်များ ကိုယ်စားတာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ပြီး


နောက်ဘာသာရပ်အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသောအမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲဆုရရှိသူများဆုများ ပေးအပ်ရာတွင် ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်၊ ဒုတိယပါမောက္ခချုပ်‌ဒေါက်တာမျိုးမင်း၊ ဘာသာရပ်အလိုက်ဌာနအသီးသီးမှ ဌာနမှူးဆရာ၊ ဆရာမများက၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဘာသာရပ်အလိုက် ဘော်လီဘောပြိုင်ပွဲ၌ ဆုရရှိသည့် အသင်းလိုက်အမျိုးသား (ပထမ၊ ဒုတိယ၊ တတိယဆု) အသင်းလိုက် အမျိုးသမီး (ပထမ၊ ဒုတိယ၊ တတိယဆု)များ၊ အကောင်းဆုံး‌ပင့်ထောင်အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အကောင်းဆုံးရိုက်ခုတ်အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အကောင်းဆုံးဆယ်မဆုအမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုအမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အမျိုးသားတံခွန်စိုက်ပထမဆု၊ ဒုတိယဆု၊ အမျိုးသမီးတံခွန်စိုက်ပထမဆု၊ ဒုတိယဆုတို့အားလည်းကောင်း ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


ထို့နောက်ဒဂုံတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ဘော်လီဘောအမျိုးသား၊ အမျိုးသမီးပြိုင်ပွဲကို အမျိုးသားအသင်း(၉)သင်း၊ အမျိုးသမီးအသင်း(၅)သင်း စုစုပေါင်းအသင်း(၁၄)သင်းဖြင့် ဇန်နဝါရီ(၂)ရက်နေ့မှ (၁၀)ရက်နေ့အထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


ဝင်းအိမွန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)