ဘီးလင်းမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ





MNP  -    ဇန်နဝါရီ     ၁၇

   မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မြိုနယ် အဆင့် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် အထက (ဘီးလင်း)ကျောင်း၊ ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


  ရှေးဦးစွာ အထက(ဘီးလင်း)ကျောင်းမှ ကျောင်းသား၊ကျောင်းသူများ က မျိုးဆက်သစ်တို့​အောင်ပွဲချီ အဖွင့်သီချင်းဖြင့် စုပေါင်းသီဆိုဖျော်ဖြေ ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြတ်ကျော် ကအဖွင့်အမှာစကား ပြောကြားသည်။ထို့နောက် ကျောင်းသား၊ကျောင်းသူလေးများက၊ကရင် ဒုံးယိမ်းအက ၊ပအိုဝ့်အက၊ မွန်အက၊ ဦးရွှေရိုးနှင့်ဒေါ်မိုးအက နှင့် နှင်းဆီ သခင်မ အကတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။


  ဆက်လက်၍ ကျိုက်ထိုခရိုင်ပညာရေးမှူး ဦးခိုင်ထွန်းနှင့်မြို့နယ်ပညာ ရေးမှူး ဒေါ်ညွှန့်ရီတို့က ပညာရေးစုံညီပွဲတော် ကျင်းပပေးရသည့် ရည်ရွယ်ချက်နှင့်  ပညာရေးကဏ္ဍဆောင်ရွက်နေမှုတို့ကို ရှင်းလင်း ပြောကြားသည်။


ယင်းနောက် ခရိုင်ပညာရေးမှူး ၊ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြန်မာတစ်နိုင်ငံလုံးတွင်(ဝိပ္ပံ)ဘာသာရပ် ပထမဆု ဘက်စုံထူးချွန်ဆု၊ အင်္ဂလိပ်စာနှင့် သင်္ချာ စွမ်းရည်ဆု၊ အဆို၊ အက၊ အရေး၊ အတီး၊ စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး ထူးချွန်ဆု စသည့် ကဏ္ဍအလိုက် ဆုရရှိကြသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


 အဆိုပါအခမ်းအနားသို့  ခရိုင်ပညာရေးမှူး ၊ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး နှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ဆရာ/ဆရာမများ၊ကျောင်းသား ၊ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ထူးနောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)