ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်အခြခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်း ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်အခြခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်း ကျင်းပ




MNP  -  ဇန်နဝါရီ    ၃၀

လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် ခြေခံပညာဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပ​သော လူငယ်စကားဝိုင်းကို ယ​နေ့ ညနေ ၃ နာရီက အထက ပေါက်တောမြို့ရှိ  စုပေါင်းခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန် နှင့် အထက ပေါက်တောမြို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံလှဝင်း တို့က အဖွင့်အမှာစကား အသီးသီးပြောကြားကြသည်။


ဆက်လက်၍ လူငယ်စကားဝိုင်းအား စတင်ရာ ဦး​ဆောင်​​ဆွေး​နွေးသူအဖြစ် ပေါက်တောမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က ဦးဆောင်ဆွေးနွေး ကာ Grade -11မှ ကျောင်းသူ မယုနန္ဒာကျော် က“လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး”၊ Grade-11 မှ ကျောင်းသူ မအိသိင်္ဂီကျော် က “လူငယ်နှင့်စာဖတ်ခြင်း” Grade- 11မှ ကျောင်းသား မောင်ရဲထက်အောင် က  “လူငယ်နှင့်မူး ယစ်ဆေးဝါး” Grade-11မှ ကျောင်းသား မောင်မျိုးသန့်နိုင် က “လူငယ်နဲ့ကြီးပွား ရေး” အစရှိသည့်​ ခေါင်းစဉ်ပါအ​ကြောင်းအရာများကို​ ဆွေး​နွေးကြသည်။


ထို့နောက် တက်ရောက်လာကြသည့်     ကျောင်းသား ကျောင်းသူများက မိမိတို့သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား ကျောင်းသူ လေး ဦးကပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးကြသည်။ အဆိုပါလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ပေါက်တောမြို့ အထကကျောင်းမှ ကြီးကြပ်ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ၁၀၀ ဦးခန့် တက်ရောက်ကြသည်။

ထို့ပြင် ခန်းမအတွင်း ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသောအသိ ပညာပေးမူးယစ်ဆေးဝါးနံရံကပ်စာစောင်ကိုကြည့်ရှုကြ ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)