ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်လှစ်




MNP  -  ဇန်နဝါရီ    ၃၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဖလား အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့ နေ့လယ် ၃ နာရီ အချိန်က မြို့မအားကစားကွင်း တွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြိုင်ပွဲများအသင်းများက အားကစားကွင်း အတွင်းနေရာယူပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အ လေးပြုကာ အသင်းများအားအပ်နှံခဲ့ သည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦး က အဖွင့်အမှာ စကား ပြော ကြားရာတွင် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော စုပေါင်းပါဝင် ဆောင်ရွက်တတ်စေရန် နှင့် မိမိ၏ တာဝန် ဝတ္တ ရား များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ပြီး ၊ အားကစား၏ အနှစ်သာရကို ပေါ်လွင်လာစေရန်၊ မူးယစ် ဆေးဝါး ကင်း စင်၍ ကျန်းမာကြံ့ခိုင်သော လူသားအရင်းအမြတ်များ ပေါ်လာစေရန်၊ ထူးခွန်ထက်မြတ်သည့် အလားအလာ ရှိသော မျိုးဆက် သစ် အားသစားသမားများ ပေါ်ထွန်းလာစေရန် ဆိုတဲ့မြင့်မားသော စသည့် ရည်ရွယ်ချက်များ နှင့် ကျင်းပရခြင်း ဖြစ် ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ နယ်မြေခံစစ်ဆင်ရေး ကွပ်ကဲရေးမှူး ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြိုင်ပွဲဝင် အသင်းများ အား လိုက်လံ နှုတ်ဆက်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန်ရွက်ဆိုခဲ့သည်။ 


ယင်းနောက် (၇၆) နှစ် မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်း ဘောလုံး ပြိုင်ပွဲ အား နယ်မြေခံ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းက ဘောလုံးကန်၍ ဖွင့်လှစ်ခဲ့ပြီး အမျိုးသား အလွတ် တန်း ဘောလုံးပြိုင်ပွဲအား ကျင်းပရာ “ရွှေဘူးသီး” နှင့် “Western Border City F.C” အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြသည်။


 ပြိုင်ပွဲတွင် အသင်း(၆)သင်း ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ ပြိုင်ပွဲကို (၃၀-၁-၂၀၂၃)နေ့မှ(၁၀-၂-၂၀၂၃)နေ့အထိ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)