ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဖေဇီရွာတွင် လျှပ်စစ်ဝါယာကြိုးအဟောင်းမှ တဆင့် အပူလွန်ကဲ၍ မီးကူးစက်ကာ နေအိမ်(၂)လုံးမီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဖေဇီရွာတွင် လျှပ်စစ်ဝါယာကြိုးအဟောင်းမှ တဆင့် အပူလွန်ကဲ၍ မီးကူးစက်ကာ နေအိမ်(၂)လုံးမီးလောင်မှုဖြစ်ပွား





MNP  -  ဇန်နဝါရီ  ၃၀

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့နယ်၌ ဇန်နဝါရီ ၃၀ ရက်နေ့ နံနက်(၁၁:၂၅)အချိန်က မြို့မ တောင်ရပ်ကွက် ၊ ဖေဇီရွာ၌ လျှပ်စစ်ဝါယာကြိုးအဟောင်းမှ တဆင့် အပူလွန်ကဲ၍ မီးကူးစက်ကာ နေအိမ်(၂) လုံး မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မောင်တောမြို့၊မြို့မ တောင်ရပ်ကွက် ၊ ဖေဇီရွာတွင် နေအိမ်များ မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်း အရ  ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင် နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးမှူး      ဦး ထွန်းရွှေခိုင် နှင့် တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ် (၂)စီးဖြင့် မီးလောင်ပြင်သို့ သွားရောက်မီးငြိမ်းသတ်ခဲ့ရာ (၁၁:၅၀) မိနစ် အချိန်ခန့်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ 


မီးလောင်ကျွမ်းရသည့် အကြောင်းအရင်းမှာ  ဦးအဒူနာဆဲလ် အသက်(၃၅)နှစ် (ဘ) ဦးဟာဘီအူလ္လာ၏ နေအိမ်  အလျား ၂၅ ပေ ၊ အနံ ၁၅ ပေ ၊ အမြင့် ၁၂ ပေခန့် ရှိ ဓနိမိုး ၊ဝါးထရံကာ ၊ ပျဉ်ခင်း နေအိမ်  ရှေ့အခန်းရှိ ဓနိမိုး နှင့် ကပ် လျက်သွယ်တန်း ထားသော ဟောင်းနွမ်းနေသည့် လျှပ်စစ်ဝါယာကြိုး ပေါက်ပြဲနေရာမှ အပူလွန်ကဲ၍ မီးစတင်လောင် ကျွမ်းခဲ့ပြီး ဘေးကပ်လျက်ရှိ ဦးဆိုက်ဖာအူလ္လာ အသက်(၃၀)နှစ် ၊ (ဘ)ဦးဟာဘီအူလ္လာ၏ ဓနိမိုး ၊ဝါးထရံကာ ၊ ပျဉ်ခင်း နေအိမ် အလျား ၂၅ ပေ ၊ အနံ ၁၅ ပေ ၊ အမြင့် ၁၂ ပေခန့် ရှိ နေအိမ် အား မီးကူးစက်လောင်ကျွမ်းခဲ့ပြီး စုစုပေါင်း နေအိမ် (၂)လုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးလောင်ကျွမ်းမှုကြောင့်  လူ/တိရစာ္ဆန် ထိခိုက် ဒဏ်ရာ ရရှိမှု /မရှိ ၊ သေဆုံး မှုမရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။ အဆိုပါ မီးလောင်မှုနှင့်ပတ်သတ်၍  မီးစတင် လောင်ကျွမ်းခဲ့သည့် နေအိမ် ပိုင်ရှင် ဦး အဒူနာဆဲလ် အသက်(၃၅)နှစ် (ဘ) ဦးဟာဘီအူလ္လာအား  မြို့မရဲစခန်းတွင် (ပ)၇/၂၀၂၃ ၊ ပုဒ်မ(၂၈၅)ဖြင့် အမှုဖွင့်လှစ်ကာ အရေး ယူနိုင်ရေး စီစဉ် ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)