MNP - ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန ၊နယ်စပ်ဒေသတိုင်း ရင်း သားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး နှင့် ယာဉ် /လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ တွင် ပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်းက မူးယစ်ဆေးဝါးပပျောက်ရေး နှင့် မူးယစ် ဆေးဝါး နှင့်ပတ်သတ်၍ ဆိုးကျိုးများ၊ သုံးစွဲတဲ့ အကြောင်းအရင်းများ ၊ မူးယစ်ဆေးဝါးအမျိုးအစားများ ၊ မူးယစ် ဆေးဝါးသုံး စွဲပြီး ရုပ်ပိုင်း ဆိုင်ရာ ၊စိတ်ပိုင်းဆိုင်ရာ ၊လူမှုရေးပိုင်ဆိုင်ရာ ထိခိုက်မှုများ ၊ ပုဒ်မ ၊ ပြစ်မှု ၊ ပြစ်ဒဏ် များအား အသိပညာပေးဟောပြောပြီး အမှတ်(၁) လူကုန်ကူးမှု တားဆီးနှိပ်နင်းရေး ရဲတပ်ဖွဲ့ စိတ် (မောင် တော) မှ တပ်ဖွဲ့စိတ်မှူး ဒုတိယရဲမှူး စံမင်းက လူကုန်ကူးမှုဖြစ် ပေါ် ရသည့် အကြောင်း အရင်းများ ၊ လူ တစ်ဦးသည် အခြားတစ်ဦးကို အဓမ္မ ပြည့်ဆန်ဆာ လုပ်ခိုင်းစေခြင်းများ ၊ အခြားကာမဆိုင်ရာ ကိစ္စ တစ်မျိုးမျိုး ပြုလုပ် စေ ခြင်း ၊ ကလေးသူငယ် နှင့် လူငယ် များအား လူ ကုန်ကူးမှု ကျူးလွန် ကြောင်းပြစ်မှုထင်ရှား စီရင် ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်ကြောင်း စသည့် ပြစ်မှှု ၊ ပြစ်ဒဏ်များ ဆောင်ရန် ၊ရှောင်ရန်များ မြန်မာနိုင်ငံအတွင်း လူကုန် ကူးမှု တိုင်ကြားနိုင်ရန်အတွက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ အရေးပေါ် ဆက်သွယ် ရရှိနိုင်သည့် ဖုန်းနံပါတ်များအား ပြောကြားကာ လူမှောင်ခိုကူးမှု နှင့် လူကုန်ကူးမှု အခြေအနေများအား ရှင်း လင်း ပြောကြား ခဲ့သည်။ ယင်းနောက် မောင်တော မြို့မရဲစခန်း ဒုတိယစခန်းမှူး၊ ယာဉ်/လမ်းစည်းကမ်း ထိန်း သိမ်းရေးတပ်ဖွဲ့စု မှ ရဲအုပ်သန့်ဇင်လင်းက ယာဉ်/ လမ်းစည်းကမ်းများ နှင့် ပတ်သတ်၍ ကျောင်းသား၊ ကျောင်းသူ များ သိရှိ လိုက်နာဆောင် ရွက် ရမည့် အချက် အလက်များအား အကျယ်တဝင့် အသိပညာပေး ဟော ပြောပေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၄၆) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးမြင့်သောင်း နှင့် တပ်ဖွဲ့ ဝင်များ၊ အမှတ်(၁) လူကုန်ကူးမှု တားဆီး နှိပ်နင်းရေး ရဲတပ်ဖွဲ့စိတ် (မောင်တော)မှ တပ်ဖွဲ့စိတ်မှူး ဒုတိ ယ ရဲမှူး စံမင်း နှင့် တပ်ဖွဲ့ဝင်များ ၊ မြို့မရဲစခန်း ဒုတိယစခန်းမှူး၊ ယာဉ်/လမ်းစည်းကမ်း ထိန်းသိမ်းရေး တပ်ဖွဲ့စုမှ ရဲအုပ် သန့် ဇင် လင်း နှင့် တပ်ဖွဲ့ဝင်များ ၊ ကျောင်းအုပ်ဆရာကြီး ဦးစစ်အောင် နှင့် ဆရာ၊ဆရာမများ ၊ကျောင်း သား/ သူများ စုစု ပေါင်း (၁၉၀)ခန့် တက်ရောက်ခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့် ဝေ ပေး ခဲ့ကြ ကြောင်း သိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost



No comments:
Post a Comment