MNP - ဇန်နဝါရီ ၂၀
မွန်ပြည်နယ်ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ အခြေခံ ပညာဦးစီးဌာန၊အားကစားနှင့်ကာယပညာဦးစီးဌာန၊စာပေချစ် မြတ်နိုးသူများအသင်း(BookClub ) တို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကို ဇန်နဝါရီ(၂၀) ရက်နံနက် ၉ နာရီခွဲတွင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ဇေယျာမွန် ၌ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများ အသင်း အဖွဲ့ဝင် ဦးလှထွန်း၊ဦးတင်ထွေးတို့က အဖွင့်အမှာ စကား ပြောကြားကြပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံ ရေးဦးစီး ဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော် က ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းမှ သင်ကြားပေး သည့် ပညာရပ်များ အပြင် စာအုပ်၊စာပေလေ့လာ ခြင်းအားဖြင့် အသိပညာများ ဖွံ့ဖြိုးလာ၍ အမှား၊ အမှန် ဝေဖန်ပိုင်းခြားလာနိုင်ပြီး ၊ မိမိပတ်ဝန်း ကျင် အား အကျိုးပြုနိုင်မည့် လူငယ်များဖြစ်လာ မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ အားကစားမှူးဦးရန်နိုင်အောင်၊အထက(ခွဲ)ဇေယျာမွန် မှမရှင်းရတီနှောင်း၊မနုနုဝေ၊မအေးငြိမ်းခိုင်တို့က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊လူငယ်နှင့်ကိုယ်ကျင့်တရား၊လူငယ်နှင့်ပရဟိတ ခေါင်းစဉ်များဖြင့် အသိပညာပေးဆွေးနွေးခဲ့ကြသည်။
ယင်းနောက်တက်ရောက်လာကြသော ကျောင်းသားကျောင်း သူများက သိလိုသည်များကိုမေးမြန်း မှုများအပေါ်တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ပြီး အထက ခွဲ (ဇေယျာမွန်)ကျောင်းအုပ်ဆရာမကြီးဒေါ်အိအိခင် က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊စာပေချစ်မြတ်နိုးသူများအသင်းဝင် များ၊ အထက(ခွဲ )ဇေယျာမွန် မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ၊ကျောင်းသားကျောင်းသူများစုစုပေါင်း (၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment