MNP - ဇန်နဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နတ်တွင်းကျေးရွာတွင် မိုးစပါးစိုက်ပျိုးရိတ်သိမ်းအပြီး မုန်လာဥဖြူပင်များ ယခု ဒီဇင်ဘာလမှ စ၍ စတင်စိုက်ပျိုးပြီး ယခုဇန်နဝါရီတွင် ဈေးကွက်သို့တင်ပို့လျက်ရှိသည်။
အဆိုပါ နတ်တွင်းကျေးရွာသည် လယ်လုပ်ငန်းပြီးချိန်တွင် ဟင်းသီးဟင်းရွက်မျိုးစုံကို တောင်သူများက ထပ်မံ စိုက်ပျိုးကြသည်။ မုန်လာဥဖြူကို အဓိက စီးပွားဖြစ်စိုက်ပျိုးကြပြီး ငရုတ်၊ ချဉ်ပေါင်၊ ပန်းမုန်လာ၊ ဗူးသီးပင်များစိုက်ပျိုးကြသည်။ တောင်သူတစ်ဦးလျှင် မုန်လာဥ ပင်များ စတင် စိုက်ပျိုးသည့်ရက်မှ စ၍ ၄၅ ရက်ပြည့်လျှင် နှုတ်သိမ်းကြပြီး ထားဝယ်မြို့တွင်သွားရောက်ရောင်းချကြသည်။ တောင်သူတစ်ဦးလျှင် အနည်းဆုံး (၁၅)သိန်းမှ (၄၅)သိန်းအထိ ဝင်ငွေရရှိကြသည်။ နတ်တွင်းကျေးရွာတောင်သူများအနေအဖြစ် မုန်လာဥကို အဓိကထား စိုက်ပျိုးကာ မိသားစု ဝင်ငွေ တစ်ဖက်တစ်လမ်းက ရရှိကြကြောင်းသိရသည်။
ခတ္တာ
https://t.me/MyanmarNationalPost


No comments:
Post a Comment