အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကျင်းပ




MNP  -   ဇန်နဝါရီ  ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းရှိ အား ကစားခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စခန်းမှူးရုံးမှ စခန်းမှူးဗိုလ်ချုပ် သိန်းဇော်နှင့်ဇနီး၊ နေပြည် တော်တိုင်းပညာရေးမှူး ဦးအောင်ဆွေဦး၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေး၊ ဇေယျာသီရိ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ရပ်မိရပ်ဖများ၊ အလှူ ရှင်များ၊ ဆုရဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ဖိတ်ကြားထား သူများတက်ရောက်ခဲ့ပြီး အခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ များက ဘက်စုံပညာကိုရည်တို့လှမ်းချီ၊ နှလုံးသားကိုအလှဆင်ပါ တေးသီချင်း များဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး တိုင်းပညာရေးမှူး ဦးအောင်ဆွေဦးနှင့် တာဝန်ရှိသူများက  Clean and Green award ပြိုင်ပွဲဆုရကျောင်းများ၊ နိုင်ငံတော်အဆင့်နှင့် မြို့နယ်အဆင့်ဆုရဆရာ/မ များ၊ ခွင့်ရက်မပျက်ဆု၊ သင်ကြားရေးထူးချွန်ဆု၊ တိုင်းအဆင့်နှင့် မြို့နယ်အဆင့်လူရည်ချွန်ဆုရ ကျောင်းသား/သူများ၊ (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရကျောင်းသား/ သူများ၊ မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးဆုရရှိသူများ၊ မြို့နယ်အဆင့် အင်္ဂလိပ်စာ ထူးချွန်ဆု၊ သင်္ချာထူးချွန်ဆုနှင့် အားကစားဆုရရှိသူများအားဆုများချီးမြှင့်ပေး အပ်ခဲ့သည်။


ယနေ့ပြုလုပ်ကျင်းပသည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာရေးစုံညီ ပွဲတော်နှင့် ပညာရည် ချွန်ဆုပေးပွဲအခမ်းအနားကို ကျောင်းသား/သူများ၏ အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။


ထွန်းလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)