ထန်းတပင်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး‌ ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်းတပင်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး‌ ဟောပြောပွဲ ကျင်းပ


MNP  -   ဇန်နဝါရီ   ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမြင့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်နီနီရွှေက ကလေးသူငယ်များ၏အခွင့်အရေး(၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နဲ့ပါဝင်ဆောင်ရွက်ခွင့်များရရှိ ရေးဆောင်ရွက်ရန်တာဝန်ရှိသကဲ့သို့ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အစီရင်ခံခြင်းများဆောင်ရွက်ရန် တာဝန်ရှိသည့်အတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်အလိုက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီများမှ အစည်းအဝေးများပြုလုပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်အဖြစ်အသိပညာပေး အစီအစဉ်များထည့်သွင်းရေးဆွဲထားပါကြောင်း၊ ကလေးများ၏အခွင့်အရေးများကိုသိရှိပြီး မိမိတို့ကိုယ်တိုင်လိုက်နာရမည့်ကျင့်ဝတ်များ၊ စည်းကမ်းများ၊ ကလေးသူငယ်များအားအကြမ်းဖက်ခြင်း၊ လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ခေါင်းပုံဖြတ်ခြင်းနှင့်လူကုန်ကူးခံရခြင်းတို့နှင့်ပတ်သက်၍ အသိပညာများရရှိမည်ဖြစ်ပြီးရှောင်ရှားရမည့်အချက်များကိုလည်း သိရှိနိုင်မည်ဖြစ်၍တိကျစွာလိုက်နာကြရန်  ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ပိုမိုဖော်ဆောင်သွားနိုင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရန်၊ ကလေးများ၏အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ပေးရန်နှင့်ကလေးသူငယ်အခွင့်အရေးများအား ဥပဒေအရသတ်မှတ်ပြဌာန်းထားသည်နှင့်အညီ ရရှိခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ပေးရန်၊ ကလေးသူငယ်များဘက်စုံဖွံ့ဖြိုးရေးအတွက် အခြေခံကျန်းမာရေး၊ အာဟာရပြည့်ဝရေး၊ ပညာသင်ယူမှုအခွင့်အလမ်းများကို ခွဲခြားဆက်ဆံမှုမရှိစေဘဲ တန်းတူရရှိနိုင်စေရန်၊ ကလေးသူငယ် ဥပဒေပါအခွင့်အရေးများအား ကလေးသူငယ်များအရေးကို ဖော်ဆောင်နေကြသော သက်ဆိုင်ရာအစိုးရဌာနများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ရပ်ရွာပြည်သူ လူထုများကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်နိုင်စေရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


အဆိုပါအသိပညာပေး‌ဟောပြောပွဲသို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ၀န်ထမ်းများမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဥပဒေ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ပညာရေး၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်အား/ကာ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)