MNP - ဇန်နဝါရီ ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့ မွန်းလွဲပိုင်းက "မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်"အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်၊ ဓာတ်ပုံပြပွဲ ပြသဆောင်ရွက်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မူးယစ်ဆေးဝါးအမျိုးအစားများနှင့် သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်မည့်ဆိုကျိုးများအကြောင်း အသိပညာပေး နံရံကပ်နှင့် မှတ်တမ်းဓာတ်ပုံများအား ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost


No comments:
Post a Comment