နမ္မတူမြို့နယ် ကျေးရွာများရှိ အသက်ငါးနှစ်မှ (၁၂)အတွင်း ကျောင်းသား၊ ကျောင်းသူ (၃၀၀)ကျော် အား တတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ် ကျေးရွာများရှိ အသက်ငါးနှစ်မှ (၁၂)အတွင်း ကျောင်းသား၊ ကျောင်းသူ (၃၀၀)ကျော် အား တတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး




MNP  -   ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကျေးရွာများရှိ အသက်ငါးနှစ်မှ (၁၂)နှစ် အတွင်း ကျောင်းသားကျောင်းသူများအား တတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းမန်စံ၌ အခြေပြု၍ ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် နမ္မတူမြို့နယ် အခြေခံပညာမူလတန်းကျောင်းမိုင်းမု၊ ပန်ချင်၊ နမ့်ကတ်၊ အခြေခံပညာအထက်တန်းကျောင်း နားဆိုင်း၊ မန်စံကျောင်းတို့ရှိ အသက်ငါးနှစ်မှ (၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၃၀၀)ကျော်အား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း  မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာအောင်လွင်ထံက သိရသည်။      


အဆိုပါ တတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်မာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန်လာရောက်သည့် ကျောင်သား၊ ကျောင်းသူများကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းကောက်ယူ ဖြည့်သွင်းပေးခြင်းနှင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။


လူမော် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)