တောင်ကုတ်မြို့၌ ဆောင်းရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေးTalk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ ဆောင်းရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေးTalk Show ပြုလုပ်


MNP  -   ဇန်နဝါရီ ၂၄

တောင်ကုတ်မြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Commyinty Centre) ၌ ဆောင်းရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေး ဆွေးနွေးပွဲ Talk Show ကိုယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရ သည်။


ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေ က ဆောင်းရာသီတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်းအသိပညာပေး Talk Show ပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ဆွေးနွေးပြောကြားသည်။ 


ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်‌ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သန်းနုကဆောင်းရာသီတွင်ဖြစ်ပွားတတ်သည့် ရောဂါများနှင့် ပတ်သက်၍မေးမြန်းရာ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းမြိုင် က ဆောင်းရာသီတွင်အဖြစ်များသည့် ရောဂါများဖြစ်သည့် တုပ်ကွေး ၊ အအေးမိ ၊ ချောင်းဆိုး ၊ နှာစေး ၊ဝက်သက်ဖျား ၊သလိပ်ဖျား ၊ ပန်းနာရင်ကြပ်၊ အဆုပ်ရောင်ရောဂါ ၊ ဝမ်းကိုက်ရောဂါ များအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ရောဂါမဖြစ်ပွားစေရန်အတွက် စားသုံး ရမည့်အစားအစာများနှင့် ရာသီဥတုအကူးအပြောင်းတွင် ရောဂါမဖြစ်ပွားစေရန်သတိပြုနေထိုင်ရမည့် အကြောင်း အရာများကိုရှင်းလင်းဆွေးနွေးခဲ့သည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံးအနေဖြင့် ပြည်သူများအား အသိပညာပေးရေးလုပ်ငန်းများကို လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဝန်ဆောင်မှုပေးလျက်ရှိရာ အများ ပြည်သူအသိ ပညာရရှိစေမည့် အစီအစဉ်များကို Online မှတစ်ဆင့်ထုတ်လွှင့်ပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)