MNP - ဇန်နဝါရီ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စည်းရုံးရေးကိစ္စရပ်များအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်မိရပ်ဖပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၀နာရီက အမှတ်(၁)ရပ်ကွက်ရှိ ဓမ္မသုခဝါဆိုဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဗိုလ်မှူးစိုင်းလှိုင်ဝင်းနိုင်၊ ဦးဇေယျာဟန်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများက တရားဥပဒေ စိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက်ဆက်နွယ်မှုမရှိစေရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လွယ်ကူစွာပြုလုပ်နိုင်ရေး၊ မြေပိုင်ဆိုင်မှုနှင့် မြေအသုံးချမှုဆိုင်ရာများ၊ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး၊ အဆောက်အဦများနှင့် လမ်းနယ်ကိစ္စရပ်များနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ နမ့်စန်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်မျိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ အဖွဲ့ဝင် ဗိုလ်မှူးစိုင်းလှိုင်ဝင်းနိုင်နှင့် ဦးဇေယျာဟန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကျော်မိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၂၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
သူရအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment