MNP - ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ပရိသတ်များအား ကလေး အလုပ်သမားပပျောက် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်က ကလေးအလုပ် သမားများ လျော့နည်းစေရန်နှင့် ကျောင်းသား၊ကျောင်းသူများအနေဖြင့်လည်း ကလေးသူငယ်များ၏ အခွင့်အရေးများကို သိရှိနားလည်စေရန်အတွက် ရှင်းလင်းပြောကြားပြီး ကလေးအလုပ်သမားနှင့် ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားပပျောက်ရေး အရေးကြီးပုံအကြောင်း၊ ကလေးအလုပ်သမားတွေ လျော့နည်းပပျောက်အောင်ကလေးများကို အကာအကွယ်ပေးရမည့် အကြောင်းအရာများ၊ ယခုအခါတွင် ကလေးသူငယ်များအတွက် ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးဝမ်းကျောင်းများတတ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများကို အကျယ်တဝင့် ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများနှင့် စာဖတ်ပရိသတ်များက စိတ်ပါဝင်စားစွာ ကြည်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သီတာအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment