မြောက်ဦးခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာ များပူးပေါင်း ပြီးလုပ် ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဦးခရိုင်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာ များပူးပေါင်း ပြီးလုပ် ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP -  ဇန်နဝါရီ ၆

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ မှ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအ ဝေး ခန်းမ၌  ယမန်နေ့လယ် ၁နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။


ရှေးဦးစွာ မြောက်ဦးခရိုင်  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို    ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင်မှ ပွင့်လန်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ ရုံးဌာနများမီးဘေးအန္တရာယ် လုံခြုံရေး အတွက် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ဆေးဘူးများထားရှိမှုအခြေအနေတို့နှင့် မီးသတ်ဆေး ဘူးသုံး စွဲပုံအဆင့်ဆင့်တို့ကို ဌာနဆိုင်ရာများရှိ ရုံးဌာနများကို ကွင်းဆင်း၍ ဆောင်ရွက်ကြရန် စသည်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင် မှလည်း အခြေခံပညာကျောင်းများရှိ ကိုဗစ်ကာကွယ်ဆေးမထိုးနှံ ဘဲကျန်ရှိ နေသော ကျောင်းသား၊ကျောင်းသူများအား ဆက်လက်ထိုးနှံကြရန် စသည်တို့ကိုပြောကြားခဲ့ပြီး နောက်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးကလည်း မြို့ပေါ်ရပ်ကွက်များ ရှိပြည်သူများ အား ယဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများ ကို ပြည်သူတို့ သိရှိနိုင် ရန်အတွက် အသိပညာပေးလုပ် ငန်းများ  လုပ်ဆောင်ကြရန် တို့ကိုပြောကြား ခဲ့သည်။ပြီးနောက် ခရိုင်အဆင့်ဌာနဆိုင်ရာများ မှ လည်း မိမိတို့ဌာနအလိုက် လိုအပ်သည်များသည်များကို ပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ မှ ခရိုင်အဆင့်ဌာန ဆိုင်ရာ များ ၏လုပ်ငန်းများအပေါ် ပေါင်းစပ် ညှိနှိုင်းခဲ့ကြောင်း  သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)