ကျေးရွာ၏ ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ဝင်ငွေမြင့်မားလာမှသာ ကျေးရွာများ အမှန်တကယ် ပြောင်းလဲတိုးတက်လာမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးရွာ၏ ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ဝင်ငွေမြင့်မားလာမှသာ ကျေးရွာများ အမှန်တကယ် ပြောင်းလဲတိုးတက်လာမည်


MNP  -  ဇန်နဝါရီ ၃၀

ကျေးရွာ၏ ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ဝင်ငွေမြင့်မားလာမှသာ ကျေးရွာများ အမှန်တကယ် ပြောင်းလဲတိုးတက်လာမည်ဖြစ်၍ လက်ရှိလုပ်ကိုင်နေသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခိုင်မာအားကောင်းသည့် စီးပွားရေးအသင်းအဖွဲ့ပုံစံဖြင့် စုပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ယနေ့ညနေပိုင်းက နေပြည်တော်ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စုနှင့် ဇလောင်းကျေးရွာအုပ်စုများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ၌ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။


 အထောက်အကူပြုနိုင်


ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မင်းကုန်းကျေးရွာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည့် ယာဉ်နှင့် ကုန်ခံနိုင်ဝန် တန် ၂၀ ၊ အကျယ် ၁၂ ပေ ၊ အရှည် ၆ ဒသမ ၈၂ ဖာလုံရှိ ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါကွန်ကရစ်လမ်းသည် မင်းကုန်းကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၁၆၀၀ ကျော်အတွက် သွားလာမှုအဆင်ပြေချောမွေ့ရေးအပြင် ကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုး မြေဧက ၂၉၀ ၏ ကုန်စည်စီးဆင်းမှုကို အထောက်အကူပြုနိုင်လျက်ရှိကြောင်း သိရသည်။


ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ယာယီရှင်းလင်းဆောင်တွင် ဒေသနေပြည်သူများနှင့် တွေ့ဆုံ၍ဒေသ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေး၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး ဒေသနေပြည်သူများ၏ တင်ပြချက်များ အကောင်အထည်ဖော် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


 ကြည့်ရှုစစ်ဆေး


အလားတူ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဇလောင်းကျေးရွာတွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပေးထားသည့် ကျေးလက်ရေပေးရေးလုပ်ငန်း၊ ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း (VDP) စီမံကိန်းဖြင့် ဆောင်ရွက်သည့် အကျယ် ၂ ပေ ၊ အမြင့် ၂ ပေ ၊ အရှည် ပေ ၇၀၀ ရှိ အုတ်စီ ရေမြောင်းဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒေသနေပြည်သူများနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ လိုအပ် သည်များမှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


စီမံကိန်းတစ်ခု


ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းအနေဖြင့် ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ ရေးဆွဲနိုင်ရန် သင်ကြားပေးခြင်း၊ ရေးဆွဲစေခြင်း၊ စီမံကိန်းအကောင်အထည်ဖော်နိုင်ရန် ကျပ်သိန်းတစ်ရာ ထောက်ပံ့ပေးခြင်း၊ ရေးဆွဲပြီး စီမံကိန်းများအနက်မှ ဦးစားပေးလုပ်ငန်းအား နိုင်ငံတော်ထောက်ပံ့ငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာပြည်သူများကိုယ်တိုင် ကော်မတီဖွဲ့ကာ လက်တွေ့လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်၍ ကျေးရွာ၏ ဥပဓိရုပ်တိုးတက်ရေး သာမက ကျေးရွာသူ ကျေးရွာသားများ၏ စီမံခန့်ခွဲနိုင်မှု စွမ်းဆောင်ရည်ကိုပါ မြှင့်တင်ပေးနိုင်သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)