ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်ဆောင်ရွက်ရေး အသင်း ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်ဆောင်ရွက်ရေး အသင်း ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး


MNP  -  ဇန်နဝါရီ ၃၀

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရုရှား - မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီ တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ် (၂၇) ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ တွေ့ဆုံသည်။


ကူညီပူးပေါင်းဆောင်ရွက်


တွေ့ဆုံစဉ် ရုရှား - မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့သည့် (၇၅) နှစ်မြောက်ကာလ အတွင်း ချစ်ကြည်ရင်းနှီးစွာဖြင့် ရေရှည်လက်တွဲဆောင်ရွက်ခဲ့မှု အကျိုးရလဒ်အဖြစ် ကဏ္ဍပေါင်းစုံ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေ၊ မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှ ယခင်ကာလများကပင် ကူညီပူးပေါင်း ဆောင်ရွက်ခဲ့မှု၊ နှစ်နိုင်ငံ အကြီးအကဲများအကြား ဆွေးနွေးဆောင်ရွက်ခဲ့မှုနှင့် သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည့် အခြေအနေ၊ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့စဉ် ကာလအတွင်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို လေ့လာခဲ့မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေမှု။


အကျယ်တဝင့်ဆွေးနွေး


မြန်မာနိုင်ငံတွင် ရှိသော ရေအားလျှပ်စစ်နှင့် လေအားလျှပ်စစ်စသည့် အရင်းအမြစ်များ ကိုအသုံးပြု၍ စွမ်းအင်အရင်း အမြစ်မျိုးစုံမှ စီမံကိန်းများ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ လျာထားစီမံကိန်းနေရာများသို့ စူးစမ်းလေ့လာရေး သွားရောက်နိုင်မည့် အခြေအနေ၊ မြန်မာနိုင်ငံတွင် မကြာမီကာလအတွင်း တွင်ကျယ်စွာ အသုံးပြုလာနိုင်မည့် လျှပ်စစ်မော်တော် ယာဉ်သုံးလီသီယံဘတ္ထရီ ထုတ်လုပ်ရေး စက်ရုံများတွင် ရုရှားကုမ္ပဏီများမှ ပါဝင်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နိုင်မည့် အခြေအနေ၊ လျှပ်စစ်ကဏ္ဍဆိုင်ရာ စီမံကိန်းများတွင် မြန်မာနိုင်ငံမှ ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ် ရောင်းချရေးတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပုံစံများနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသံရုံးနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)