ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နှင့် ခန္တီးမြို့တို့ရှိ အားကစားကွင်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နှင့် ခန္တီးမြို့တို့ရှိ အားကစားကွင်းများ ကြည့်ရှုစစ်ဆေး


MNP  -  ဇန်နဝါရီ ၃၀

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပသည့် ရွှေပြည်သာ အားကစား ကွင်းသို့ရောက်ရှိပြီး ဘက်စုံအသုံးပြုနိုင်သည့် မီတာ ၄၀၀ (Synthetic)ပြေးလမ်းပါ ဘက်စုံသုံးအားကစားကွင်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ရန်အတွက် မြေနေရာတိုင်းတာခြင်းလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားပြီး လဟယ်မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားအထောက် အကူပြုပစ္စည်းများကို နာဂဒေသကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးရုံးသို့ ထောက်ပံ့ပေးအပ်သည်။


ပြုပြင်ထိန်းသိမ်းဆောင်ရွက်


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခန္တီးမြို့သို့ရောက်ရှိခဲ့ပြီး ခန္တီးမြို့ မြို့နယ်အားကစားခန်းမနှင့် အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ အားကစားကွင်း အားကစားရုံ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ Inter Fence ကာရန်ခြင်းနှင့် Score Board ပြုပြင်ခြင်းများအပါအဝင် လတ်တလော ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ များကို ရှင်းလင်းဆွေးနွေးသည်။


ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ခန္တီးခရိုင် အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံကာအဖွဲ့အစည်း ဖြင့်လုပ်ဆောင်ရသည့် လုပ်ငန်းဖြစ်သည့်အတွက် စည်းစည်းလုံးလုံးနှင့် မိသားစုစိတ်ဓာတ်ထားရှိပြီး တစ်ဦးနှင့်တစ်ဦး အထက်အောက် အပြန်အလှန် လေးလေးစားစား ပြောဆိုဆက်ဆံ၍ ကူညီဖေးမ ဆောင်ရွက်လုပ်ကိုင်ကြရန်လိုကြောင်း၊ ဝန်ထမ်းများတွင် အခက်အခဲများနှင့် အခြားလိုအပ်သည်များရှိပါက တာဝန်ရှိသူများမှတစ်ဆင့် အချိန်မရွေး တင်ပြနိုင်ပြီး မိမိအနေဖြင့် အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)