အဂတိလိုက်စားမှုများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုအန္တရာယ်များကို နားလည်သိရှိနိုင်စေရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အဂတိလိုက်စားမှုများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုအန္တရာယ်များကို နားလည်သိရှိနိုင်စေရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ


MNP  - ဇန်နဝါရီ ၃၀

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့တို့ ပူးပေါင်း၍ ငွေကြေးခဝါချမှု အန္တရာယ်များကို နားလည်သိရှိစေရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက ယနေ့ကျင်းပသည့် အခမ်းအနားသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၌ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် ငွေကြေးခဝါ ချမှုနှင့် အဂတိလိုက်စားမှု၏ ဆက်နွှယ်မှုများ၊ ယင်း၏ဆုံးရှုံးနိုင်ခြေအန္တရာယ်ရှိမှုများကို ပိုမို သိရှိနားလည်စေရန် ရည်ရွယ်ပါကြောင်း၊ ငွေကြေးခဝါချမှု ပြဿနာသည် ကြီးမားသည့် ပြဿနာဖြစ်ပြီး ယင်းနှင့်ဆက်စပ်၍ ရာဇဝတ်မှုများစွာ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ခေတ်မီနည်းပညာများ ထွန်းကားလာသည့်အတွက် ထိန်းချုပ်ရန် များစွာခက်ခဲကြောင်း၊ အဂတိလိုက်စားမှုကြောင့် ရရှိလာသည့်ငွေကြေးနှင့် ပစ္စည်းများကို ငွေကြေးခဝါချခြင်း ဆောင်ရွက်သည့်အတွက် ၎င်းပြဿနာ နှစ်ရပ်လုံးသည် ကိုယ်ကျိုးစီးပွားအခြေခံသည့် ကိစ္စများ ဖြစ်ပါကြောင်း၊ ဒေသတွင်း၌သာမက နယ်စပ်ဖြတ်ကျော်မှုခင်းများအထိ ဖြစ်ပေါ်လာသည့် အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်လျက် ရှိပါကြောင်း၊ (၂၁) ရာစုမှစ၍ သက်ဆိုင်ရာ ဆက်စပ်ဌာနများက စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ ချမှတ်၍ ဆောင်ရွက်လျက် ရှိကြောင်း၊ UNODC ၏ စစ်တမ်းအရ ငွေကြေးခဝါချမှုကြောင့် ကမ္ဘာပေါ်တွင် ၅၀ ရာခိုင်နှုန်းအထိ နစ်နာဆုံးရှုံးမှုများရှိပါကြောင်း၊ ငွေကြေးခဝါချမှုသည် မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက် တိုက်ခိုက်မှုများအထိ ဆက်နွှယ်လျက်ရှိပြီး ငွေကြေးပမာဏသာမက ရာဇဝတ်မှုများစွာဖြစ်ပွားစေပြီး ဆုံးရှုံးနစ်နာမှုများစွာ ရှိစေနိုင်သည့်အတွက် အမျိုးသားရေးတာဝန်အဖြစ်ခံယူလျက် ပူးပေါင်းတိုက် ဖျက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ရဲမှူးချုပ် မျိုးသူစိုးက အဂတိလိုက်စားမှုများသည် ငွေကြေးခဝါချခြင်းနှင့် ဆက်နွှယ်လျက်ရှိသည့် ပြဿနာတစ်ရပ်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယရဲမှူးကြီး မြင့်စိုးက ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်များ၊ ငွေကြေးခဝါချမှုနှင့် ဆက်နွှယ်သော နိုင်ငံဖြတ်ကျော်မှုခင်းများ၊ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင်က ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် သင်ခန်းစာ လေ့လာသုံးသပ် ဖော်ထုတ်ခြင်း (Case Study) များကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက မေးခွန်းများ မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)