ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ပညာရေးဝန်ကြီး H.E. Prof. Anek Laothamatas တို့တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ပညာရေးဝန်ကြီး H.E. Prof. Anek Laothamatas တို့တွေ့ဆုံ


MNP  -   ဇန်နဝါရီ ၃၀

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ပညာရေးဝန်ကြီး H.E. Prof. Anek Laothamatas နှင့် ထိုင်းနိုင်ငံ ပညာရေးကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။


ပူးပေါင်းဆောင်ရွက်လို


တွေ့ဆုံစဉ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထိုင်းနိုင်ငံရှိ တက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ်များအကြား ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ နှစ်နိုင်ငံတက္ကသိုလ်များအကြား နားလည်မှုစာချွန်လွှာပေါင်း ၆၀ ခန့် လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ကျောင်းသားဖလှယ်ရေး၊ ဆရာဖလှယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များ၊ သုတေသနပူးပေါင်း ဆောင်ရွက်မှုများ၊ သုတေသန စာတမ်းဖတ်ပွဲများ၊ ညီလာခံများ၊ ဆွေးနွေးပွဲများကို ပိုမိုအားပေး ဆောင်ရွက်လိုပါကြောင်း၊ ယခု ခရီးစဉ်တွေ့ဆုံမှုမှအစပြု၍ အဏုဇီဝဗေဒ၊ အဏ္ဏဝါသိပ္ပံ၊ စားသောက်ကုန်ပညာ၊ စိုက်ပျိုး မွေးမြူရေးပညာ၊ ငါးလုပ်ငန်းပညာ၊ ရာသီဥတုပြောင်းလဲမှုလေ့လာရေးပညာ၊ ခရီးသွားလုပ်ငန်းပညာ၊ ဘာသာစကား သင်ကြားသင်ယူမှု၊ ဆရာအတတ်ပညာ၊ နည်းပညာသုံး သင်ကြားမှု နည်းစနစ်များ၊ သင်ကြားမှု အရည်အသွေး ထိန်းသိမ်းမှု၊ အရည်အသွေး အာမခံမှု စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လိုပါကြောင်း ပြောကြားသည်။


ထိုင်းနိုင်ငံ အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ပညာရေးဝန်ကြီးက မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနသို့ လာရောက်သော ခရီးစဉ်သည် နှစ်နိုင်ငံ ဝန်ကြီးဌာနအချင်းချင်းချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ပညာ ရပ် နယ်ပယ်များကို သိရှိနိုင်ရန် လာရောက်ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တက္ကသိုလ်များ အတွက် လိုအပ်မည့်ကဏ္ဍများတွင် ပူးပေါင်းကူညီနိုင်ပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနနှစ်ခုအကြား ဆက်သွယ်ပူးပေါင်းမှု ကွန်ရက်တည်ဆောက် ကြမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ တက်ရောက်လာသူများက ပညာရေးတိုးတက်မှုဆောင်ရွက်နေခြင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားကာ ဝန်ကြီးဌာနအဆင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရေး ကိစ္စကို ဆွေးနွေးကြသည်။ ထို့နောက် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)