မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်း အမှတ်စဉ်(၄)ဖွင့်ပွဲနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီအစည်းအဝေး (၁/၂၀၂၃) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့သင်တန်း အမှတ်စဉ်(၄)ဖွင့်ပွဲနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီအစည်းအဝေး (၁/၂၀၂၃) ကျင်းပ


MNP  -  ဇန်နဝါရီ ၃၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆောင်ရွက်သည့် မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့(MDRT) သင်တန်းအမှတ်စဉ်(၄) ဖွင့်ပွဲ အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ Aureum Palace Hotel ၌ ကျင်းပသည်။


နိုင်ငံကိုယ်စားပြုဆောင်ရွက်


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယခုသင်တန်းသည် ကချင်ပြည်နယ်အတွက် ဒုတိယအကြိမ်ဖြစ်ပြီး MDRT သင်တန်းအနေဖြင့် (၄) ကြိမ်မြောက် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ ကချင်ပြည်နယ်၏ သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့နှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက် နိုင်ရေးတို့အတွက် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီ (ASEAN Committee on Disaster Management-ACDM)နှင့် ပူးပေါင်း၍ သဘာဝဘေး စီမံခန့်ခွဲရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ် (AADMER)ကို အကောင် အထည်ဖော်လျက်ရှိရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက နိုင်ငံကိုယ်စားပြု ဆက်သွယ် ဆောင်ရွက်လျက်ရှိပါကြောင်း။


မြန်မာနိုင်ငံအနေဖြင့် ASEAN-ERAT သင်တန်း တက်ရောက်ပြီးသူ ၂၂ ဦးရှိပြီး အာဆီယံဒေသတွင်း ဘေးကျရောက်မှုများတွင် ပူးပေါင်းရင်ဆိုင် တုံ့ပြန်နိုင်ရန် အသင့်ရှိနေပါကြောင်း၊ ထို့နောက် မြန်မာဘေး အန္တရာယ်တုံ့ပြန်ရေးအဖွဲ့ နည်းပြသင်တန်း တစ်ကြိမ် နှင့် မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ MDRT သင်တန်းအမှတ်စဉ် (၁)(၂)(၃) ကို နေပြည်တော်၌ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်မှ သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ အစိုးရဌာနဆိုင်ရာများမှ တာဝန်ရှိသူများ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၁၀၂ ဦးတို့ကို သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများတွင် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နိုင်ရန် လေ့ကျင့် သင်ကြားပေးနိုင်ခဲ့ပါကြောင်း ပြောကြားသည်။


သင်ရိုးညွှန်းတမ်းရေးဆွဲထား


ထို့နောက် AHA Centre မှ Executive Director Mr.Lee Yam Ming က AHA Centre နှင့် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့သင်တန်း (MDRT)သင်ရိုးညွှန်းတမ်းကို ရေးဆွဲထားရှိမှုနှင့် မြန်မာနိုင်ငံ၏ သဘာဝဘေးတုံ့ပြန်စွမ်း မြင့်မားရေး ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး လိုအပ်သည့်အရင်းအမြစ်များ ဆက်လက်ရှာဖွေ ပံ့ပိုးသွား မည်ဖြစ်ကြောင်း Video Conferencing စနစ်ဖြင့် ပြောကြားသည်။


မြန်မာဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ သင်တန်း၊ အမှတ်စဉ်(၄)ကို ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


အမျိုးသားအဆင့် ကော်မတီအစည်းအဝေး


ဆက်လက်၍ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး (၁/၂၀၂၃)ကို နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံး စုပေါင်းအစည်းအဝေး ခန်းမ၌ ကျင်းပသည်။


ပြည်သူသို့ အသိပေးဖြန့်ဝေနိုင်ခြင်း


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပဋိပက္ခအတွင်း လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်ကာလမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ စီမံချက်ကာလ သက်တမ်းတိုးနိုင်ရေးနှင့် တစ်နှစ်တာ ကာလအတွင်း လုပ်ငန်းများ အကောင်အထည် ဖော် ဆောင်ရွက်မှုအနေဖြင့် အမျိုးသားအဆင့် ကော်မတီ၏ ရုံးအဖွဲ့ဖွဲ့စည်းခြင်း၊ တိုင်ကြားစာများ အကျုံးဝင်မှုရှိ/မရှိ စိစစ်နိုင်ရေးအတွက် ပဋိပက္ခ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်၍ စိစစ်ရမည့်အချက်များ သတ်မှတ်ခြင်း၊ တိုင်ကြားရန်နည်းလမ်းများ ပြည်သူသို့ အသိပေး ဖြန့်ဝေနိုင်ခြင်းနှင့် Helplie ဖုန်းနံပါတ် “1566” သို့ တိုင်ကြားနိုင်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို နှစ်ကြိမ် ဖွင့်လှစ်ခဲ့ပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်း စီမံချက် စတုတ္ထသုံးလပတ် အစီရင်ခံစာကို ရေးသား ပြုစုဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။


ယင်းနောက် ကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြီးခဲ့သည့် အစည်းအဝေး အမှတ်စဉ် ၁/၂၀၂၂ ၏ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ခဲ့မှုများ၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကာလ သက်တမ်းတိုးမြှင့်ရေး အတွက် သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များအား တင်ပြဆွေးနွေး၍ အကောင်အထည်ဖော်မှုအပေါ် အားသာချက်နှင့် အားနည်းချက်များကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)