ဂွမြို့တွင် အချိုမှုန့်၏ အန္တရာယ်အသိပညာပေး ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့တွင် အချိုမှုန့်၏ အန္တရာယ်အသိပညာပေး ဆွေးနွေးပွဲပြုလုပ်




MNP  -  ဇန်နဝါရီ  ၂၄

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် စာသုံးသူရေးရာဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ခန်းမ၌ အချိုမှုန့်၏ အန္တရာယ်အသိပညာပေး  ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း စာကြည့်တိုက်သို့စာပေလာရောက် လေ့လာဖတ်ရှုသူများနှင့် ပြုလုပ်ခဲ့သည်။ 


 ရှေးဦးစွာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်မာမာလေးက အချိုမှုန့်၏ သမိုင်းကြောင်း ၊ ဇီဝနည်းပညာကိုအခြေခံ၍ထုတ်လုပ်သော အချိုမှုန့်စားသုံးခြင်း၏ ကျန်းမာရေးဆိုးကျိုး အန္တရာယ်များ၊ အချိုမှုန့်စားသုံးခြင်းကြောင့်ရရှိလာမည့် ကျန်းမာရေး ဆိုးကျိုးများ လျော့နည်း စေရန်စားသုံးနည်းနှင့်သတိထားဆင်ခြင်သင့်သောအကြောင်းအရာများကို ပြောကြားဆွေးနွေးခဲ့ကြောင်းနှင့် ဆွေးနွေးပွဲ တက်ရောက်သူများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)