ကျိုက်ထိုမြို့နယ်ဖက္ကလိပ်ကျေးရွာ အခြေ ခံပညာမူလတန်း (ကျားတဲ)ကျောင်း၌စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊စွမ်းရည်ပြိုင်ပွဲနှင့်ပြပွဲများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်ဖက္ကလိပ်ကျေးရွာ အခြေ ခံပညာမူလတန်း (ကျားတဲ)ကျောင်း၌စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊စွမ်းရည်ပြိုင်ပွဲနှင့်ပြပွဲများဆောင်ရွက်





MNP  -   ဇန်နဝါရီ ၂၇

      မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန် ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး ဟောပြောပွဲ၊စွမ်းရည်ပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲကိုဇန်နဝါ ရီ (၂၇) ရက်နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့နယ်ဖက္ကလိပ်ကျေးရွာ အခြေခံပညာ မူလတန်း(ကျားတဲ) ကျောင်း၌ ကျင်းပပြု လုပ်ခဲ့ သည်။


    ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဒုတိယ ဦးစီးမှူး ဒေါ်အေးယုဝေ ကကျောင်းသား၊ကျောင်း သူများ  ကျောင်းစာအပြင် အားလပ်ချိန် များတွင် ပြင်ပဗဟုသုတ စာအုပ်များဖတ်ရှုခြင်းဖြင့်ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးတိုးတက်လာမည့် အကျိုး ကျေးဇူးများကိုအသိပညာပေး ဟောပြောခဲ့သည်။


    ထို့နောက် ကျောင်းသား ၊ကျောင်းသူများအား စာဖတ်ဝိုင်းပြုလုပ်ပေးပြီး ၎င်းတို့စိတ်ကြိုက် ရွေးချယ် ဖတ်ရှုထားသည့် စာအုပ်များမှပုံပြော ပြိုင်ပွဲ၊ကဗျာရွတ်ဆိုပြိုင်ပွဲ၊ဆေးရောင်ချယ်ပြိုင်ပွဲနှင့်စကားပုံဆက်ပြိုင်ပွဲများ ကို ကျင်းပပေးပြီး ပြိုင်ပွဲဝင်  ကျောင်းသား၊ကျောင်းသူများအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။ 


   ဆက်လက်၍  လူကုန်ကူးမှုကာကွယ်တား ဆီးရေး၊အပြည်ပြည်ဆိုင်ရာ မူးယစ်‌ ဆေး ဝါး အလွဲသုံးမှုနှင့်တရားမဝင်‌ ရောင်းဝယ်မှုတိုက်ဖျက်ရေး စိတ်ကြွ ရူးသွပ်ဆေးများ ၏အန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာလိုက်နာရမည့်စည်းမျဥ်းများ၊သဘာဝဘေး အန္တရာယ်ဆိုင်ရာသိကောင်းစရာများပါဝင်သည့်နံရံကပ်စာစောင်များ ကို ပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါ ဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြ ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)