MNP - ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင်အ. ထ. က (၂) မြို့မကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရာ Grade-11 မှ ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စည်းကမ်းခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှသိလိုသည်များကို ခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် အ.ထ.က (၂) မြို့မကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးချိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အဆိုပါ လူငယ်စကားဝိုင်းကို စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်ကြစေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ် စေရန်၊ လူအများရှေ့တွင် မှန်ကန်သောစကားများအား ရဲဝင့်စွာ ပြောဆိုတတ်ကြစေရန် ရည်ရွယ်၍ ကျင်းပခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment