MNP - ဇန်နဝါရီ ၂၀
ချင်းပြည်နယ် တွန်းဇံမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တွန်းဇံမြို့နယ် အတွင်းရှိ ဒါရ်ခိုင်း(ဟ)ကျေးရွာ ကုန်ထုတ်လမ်း(၂/၂)မိုင်နှင့် တွီးမွီကျေးရွာကုန်ထုတ်လမ်း (၄/၀)မိုင် လုပ်ငန်းပြီးစီးမှုအခြေအနေများကို ဇန်နဝါရီ ၂၀ ရက်နေ့က သွားရောက် စစ်ဆေးခဲ့သည်။
အဆိုပါ ကျေးရွာများရှိ တည်ဆောက်ရေးလုပ်ငန်း ကျေးရွာကုန်ထုတ်လမ်းများ စစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကျိန်ဒိုးလျန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းတာဝန်ခံ ဦးထောင်းခန့်ခိုင် (အငယ်တန်းအင်ဂျင်နီယာ-၂)တို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို သွားရောက် စစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဦးစီးဌာနထံမှ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment