MNP ၊ ဇန်နဝါရီလ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် ကန့်ဒေါင့်ကျေးရွာအနီးတစ်ဝိုက်တွင် လုံခြုံရေးအဖွဲများက အများပြည်သူများ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် နယ်မြေရှင်းလင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်တွင် အဖျက်အမှောက်လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော PDF အကြမ်းဖက်သမားများ သိုဝှက်ထားသော လက်နက်ခဲယမ်းများ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
PDF အကြမ်းဖက်သမားများက ကန့်ဒေါင့်ကျေးရွာ အထက ကျောင်းဝန်းအတွင်းတွင် လက်နက်များ ဖွက်ထားခြင်းဖြစ်ပြီး လက်လုပ်သေနတ် ၈ လက်၊ လက်လုပ်ရှော့တိုက်ပြောင်း ၆ လက်၊ လက်လုပ်မိုင်း ၈ လုံး၊ ယမ်းကြိုး ၁ ခွေ၊ ဝရိန်ပုံး ၁ ပုံး၊ သံဖြတ်စက် ၁ လုံး၊ ယမ်းမဲ ၁ ထုပ်တိုအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
(လက်သုံးချောင်းထောင် PDF အကြမ်းဖက်သမားများသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား သတ်ဖြတ်နေကြသည်။ PDF အကြမ်းဖက်သမားများကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုက ပံ့ပိုးပေးနေသည်။ PDF အကြမ်းဖက်သမားများကို အလိုမရှိ။)
No comments:
Post a Comment