NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဦးစီးဌာနရုံး အဆောက်အဦ ၉ ခု ပျက်စီး ဆုံးရှုံးခဲ့ရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဦးစီးဌာနရုံး အဆောက်အဦ ၉ ခု ပျက်စီး ဆုံးရှုံးခဲ့ရ











MNP ၊ ဇန်နဝါရီ  ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ အောင်ဇေယျ ရပ်ကွက်ရှိ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး အတွင်း သို့ NLD အစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားများက  ဇန်နဝါရီ ၁၉ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ဖောက်ခွဲ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ရုံးပင်မအဆောက်အဦတစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ ဖျက်ဆီးခြင်းများကြောင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ ယနေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး ၉ ရုံး တို့ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုကြောင့် ချင်းပြည်နယ် ဦးစီးမှူးရုံး၊ ကန်ပက်လက်မြို့နယ် ဦးစီးမှူးရုံး၊ ဒီပဲယင်းမြို့နယ် ဦးစီးမှူးရုံး၊ မြင်းမူမြို့နယ် ဦးစီးမှူးရုံး၊ မြောင်မြို့နယ် ဦးစီးမှူးရုံး၊ ရေစကြိုမြို့နယ် ဦးစီးမှူးရုံး၊ မြိုင်မြို့နယ် ဦးစီးမှူးရုံး၊ ဆားလင်းကြီးမြို့နယ် ဦးစီးမှူးရုံး၊ တီးတိန်မြို့နယ် ဦးစီးမှူးရုံး တို့ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။

အကြမ်းဖက်အဖွဲ့များအနေဖြင့် ဌာနဆိုင်ရာရုံးများအား ယခုကဲ့သို့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်နေမှုအပေါ် ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု သတင်းများကို ရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် သွားကြပါရန် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)