မြန်မာမှုအင်္ဂတေပန်းလုပ်ငန်းနှင့် အိမ်အလှဆင်ပစ္စည်းထုတ်လုပ်သည့် အရောင်းဆိုင်များ အရောင်းအဝယ်နည်းပါး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာမှုအင်္ဂတေပန်းလုပ်ငန်းနှင့် အိမ်အလှဆင်ပစ္စည်းထုတ်လုပ်သည့် အရောင်းဆိုင်များ အရောင်းအဝယ်နည်းပါး




MNP  -   ဇန်နဝါရီ ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်နှင့် ဘားအံမြို့ကိုဆက်သွယ်ပေးထားသည့် ကားလမ်းပေါ်တွင် မြန်မာမှုအင်္ဂတေပန်းတော့၊ ပန်းပုရုပ်တုများ၊ အိမ်အလှဆင် အင်္ဂတေတိုင်ဖုံးများ၊ အင်္ဂတေပန်းအိုးကြီးများ၊ အင်္ဂတေပန်းအလှဆင်ဘုရားဆောင်များ၊ အိမ်အလှဆင်ပစ္စည်းထုတ်လုပ်ရောင်းချနေကြသော အရောင်းဆိုင်များအနေဖြင့် အရောင်းအဝယ်နည်းပါးလျက်ရှိကြောင်း အိမ်အလှဆင် ပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းကို လုပ်ကိုင်နေသည့် အရောင်းဆိုင်တာဝန်ခံတစ်ဦးက ရှင်းပြသည်။


ကျွန်မတို့ရဲ့ အိမ်အလှဆင်ပစ္စည်းထုတ်လုပ်သည့်အရောင်းဆိုင်များအနေဖြင့်   သာသနိကအဆောက်အဦးများအတွက် မြန်မာမှုပန်းဆယ်မျိုး အတတ်ပညာများတွင်ပါဝင်ကြသည့် ပန်းဆွဲ၊ ပန်းတော့၊ ပန်းပု၊  ပန်းပွတ်၊ ပန်းတမော့၊ ပန်းချီပညာများဖြင့် ဘုန်းတော်ကြီးကျောင်း၊   ဘုရားကျောင်းဆောင်၊ ဘုရားဝင်းနှင့် ဘုရားကျောင်းအဝင် မုဒ်ဦးတို့ကို သံ၊ စတီးနန်းကြိုးစပ်အင်္ဂတေပန်းများ ဆောင်ရွက် ပေးသည့်အပြင်၊ဗုဒ္ဓဝင်ပြခန်းများအတွက် အင်္ဂတေ၊ သစ်သား၊ဖယောင်း၊ ပတ်တီးများဖြင့် အလှူရှင် များ၏ စိတ်ကြေနပ်မှုရရှိစေသည်အထိ ကြိုးစားဆောင် ရွက်ပေးကြပါကြောင်း၊ နေအိမ်နှင့် ဟော်တယ် အဆောက်အဦးများအတွက်  အင်္ဂတေပန်းတိုင်ဖုံးအလှဆင်ခြင်း၊ အင်္ဂတေဖြင့် အဝင် တံခါး၊ပြတင်းပေါက်များ ပန်းအလှဆင်ခြင်း၊ ပန်းအိုးကြီးများ၊  ပန်းပုရုပ်များကိုမှာယူသူများ စိတ်ကြိုက်ဆောင်ရွက်ပေးလျက်ရှိကြောင်း အရောင်းဆိုင်ရှင်တစ်ဦးက ရှင်းပြခဲ့သည်။


မြန်မာမှုအင်္ဂတေပန်းလုပ်ငန်းနှင့်  အိမ်အလှဆင်ပစ္စည်းထုတ်လုပ်သည့်   အရောင်းဆိုင်များအနေဖြင့်၎င်းတို့၏ ပင်ရင်းဆိုင်ကြီးမှာ မွန်ပြည် နယ်၊မော်လမြိုင်မြို့မှဖြစ်ပြီး လုပ်ငန်းများချဲ့ထွင်သည့်အနေဖြင့်  ကရင်ပြည်နယ်၏ မြို့တော် ဘားအံမြို့တွင်လည်း လုပ်ငန်းခွဲဆိုင်များ လာရောက်ဖွင့်လှစ်၍   လုပ်ငန်းများကိုဆောင်ရွက်နေလျက်ရှိကြောင်း၊ ပွင့်လင်းရာသီဖြစ်သည့် အိမ်ဆောက်ကာလများ၌  အိမ်အလှဆင်ပစ္စည်းဝယ်ယူနေမှုမှာ နည်းပါးလျက်ရှိကြောင်း ကွန်ကရစ်အိမ်အလှဆင်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။


လင်းသန့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)