ဗဟန်းမြို့နယ်၌ မြို့နယ်သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ်၌ မြို့နယ်သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်



MNP   -     ဇန်နဝါရီ  ၂၇

ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့်အတူ နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအားလုံးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး မိမိတို့၏မြို့၊ ရွာဒေသများ သန့်ရှင်းသာယာလှပရေးကို အားတက်သရော ဆောင်ရွက်လျက် ရှိသည်။


ထိုသို့ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၌ မြို့နယ်သန့်ရှင်းသာယာလှပစေရေး၊ အများပြည်သူများ အေးချမ်းသာယာစွာ အပန်းဖြေနေနိုင်ရေးနှင့် မြို့တော်အင်္ဂါရပ်နှင့်အညီ တင့်တယ်လှပစေရေးတို့အတွက် အထူးသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၆ နာရီခွဲမှစတင်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ဗဟန်းမြို့နယ်၊ ငါးထပ်ကြီး‌မြောက်ရပ်ကွက်၊ ငါးထပ်ကြီးဘုရားဝန်းအတွင်းတွင် လမ်းနှင့်မလွတ်ကင်းသော၊ အမြင်မတင့်တယ်သည့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေဆိုးရေမြောင်းများ ဆယ်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။


စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ ကမာရွတ်ခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဗဟန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ပေါင်းစုံမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေးအဖွဲ့မှ သန့်ရှင်းရေးဝန်ထမ်းများ၊ ပူးပေါင်းအင်အား(၉၅)‌ဦးတို့ဖြင့် စုပေါင်းဆောင်ရွက်ကြပြီးနောက် သန့်ရှင်းရေးဆောင်ရွက်မှုမှ ထွက်ရှိလာသောအမှိုက်များကို အမှိုက်သိမ်းယာဉ်(၂)စီးဖြင့် စနစ်တကျစွန့်ပစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ဌာနပေါင်းစုံသန့်ရှင်းရေးဆောင်ရွက်ပေးခြင်းဖြင့်မြို့နယ်သန့်ရှင်းသာယာလှပစေပြီး အများပြည်သူများ စိတ်လက်အပန်းဖြေရာနေရာများ ပိုမိုတိုးပွားလာစေမည်အပြင်၊ ခြင်‌ကြောင့်ဖြစ်တတ်သော ရောဂါကာကွယ်နိုင်ရေးတို့အတွက် ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။


အောင်မြင့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)