ကျောက်ဖြူမြို့ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်မြောက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်မြောက်ထိုးနှံ




MNP  -  ဇန်နဝါရီ  ၂၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူများကို ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအကြိမ်မြောက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အထက-၃၊ အထက (ခွဲ)တောင်ရင်း၊ အမက(အစိုးရ)ကျောင်းနှင့် အလက(၄)သန်ပန်ချောင်းကျောင်းများ၌ သတ်မှတ်စုရပ်နေ ရာအသီးသီးတွင် အဆိုပါကာကွယ်ဆေးအား တတိယအကြိမ်မြောက်ထိုးနှံပေးကြောင်း သိရသည်။ 


ထိုသို့ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသည့် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးထိုးနှံမည့် ကျောင်းသား၊ကျောင်းသူများကို ဆရာ၊ ဆရာမ များက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်းများဆောင်ရွက်ကာ ကိုဗစ်ကာကွယ် ဆေးများအား ထိုးနှံပေးသည်။ ယင်းသို့ ဆေးထိုးနှံနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကော်မတီဝင်များက လှည့် လည်ကြည့်ရှုပြီး ကာကွယ်ဆေးထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများကို မုန့်များအခမဲ့ဝေငှပေးကာ အားပေးစကားများပြောကြားခဲ့သည်။


ကျောက်ဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)အတွင်းရှိ ကျောင်း သား၊ကျောင်းသူ(၁၇၈၆၇)ဦးအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထား ပြီးဖြစ်ကာ ယနေ့တွင် တတိယအကြိမ်မြောက် ထိုးနှံပေးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)