ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား တက်ရောက်




MNP  -  ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အ‌ခြေခံပညာအထက်တန်းကျောင်း(ကြိုသက်) ပညာ့ရောင်ခြည်ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပြုလုပ်ခဲ့သည်။


အခမ်းအနားအား အထက(ကြိုသက်) ကျောင်းသား၊ ကျောင်းသူများမှ “စုံညီပွဲတော်တို့နွဲပျော်”သီးချင်ဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ ယနေ့သည် မင်္ဂလာရှိသောနေ့တစ်နေ့ ဖြစ်ပါကြောင်း၊ “မိဘဆရာ ပူးပေါင်း သားသမီးပညာကောင်း”ဆိုသည့်အတိုင်း မိမိတို့၏ သားငယ်သမီးငယ်များအား ပညာသာမက အသိပညာပါ ပိုမို့ရရှိအောင် ဆရာ၊ ဆရာမများ အနေဖြင့် ယခုထက် သင်ကြားပေးစေလိုပြီး၊ ကျောင်းသား၊ ကျောင်းသူများကလည်း အချိန်ကို အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ ပညာရေးကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုးတက်မှုအတွက် အဓိကကျပါကြောင်းနှင့် အမိနိုင်ငံတော်၏ အားကိုးအားထားရသော သားကောင်းရတနာ၊ သမီးကောင်းရတနာများဖြစ်ကြပါစေကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားပေးပြီး အလှူငွေပေးအပ်ရာ အထက(ကြိုသက်)ကျောင်းအုပ် ဆရာမကြီးမှ လက်ခံရယူသည်။


ထို့နောက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာမေးပွဲတွင် ဂုဏ်ထူးရအောင်သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအား ဆုများကို အသီးသီး ချီးမြှင့်ပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများ၏ တေးသရုပ်ဖော်ကပြ ဖျော်‌ဖြေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။


အောင်ကိုဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)