ဟိုပန်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုပန်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်





MNP  -   ဇန်နဝါရီ ၁၆

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group)များက ယမန်နေ့ နံနက်(၉)နာရီက ဟိုပန်မြို့နယ် ရုံးကုန်းရပ်ကွက်၊ ကောင်းဟုန်းရပ်ကွက်နှင့် ရွှေဝါကျေးရွာများသို့သွားရောက်၍ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခဲ့ကြသည်။


ထိုသို့ဆောင်ရွက်ရာတွင် ဟိုပန်မြို့နယ်၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီက အနီးကပ်ကြီးကြပ်၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့(Working Group) (၃၀)ဖွဲ့က ဇန်နဝါရီလ (၉)ရက်နေ့မှ စတင်ကာ အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် တစ်ပြိုင်တည်း ကွင်းဆင်းကောက်ယူလျက်ရှိသည်။


အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းတိကျမှန်ကန်စေရန် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းစဉ်တွင် ကောက်ယူရမည့် အိမ်ထောင်စုပေါင်းမှာ(၇၅၅၀)စုရှိပြီး ယနေ့အထိ အိမ်ထောင်စုပေါင်း(၂၈၂၂)စု ကောက်ယူပြီးဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီထံမှ သိရသည်။


ဇင်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)