အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနားအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနားအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ







MNP  -   ဇန်နဝါရီ      ၂၇

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနားအမှတ်စဉ်(၁/၂၀၂၃)  သင်တန်းဆင်းပွဲကိုယနေ့နံနက်ပိုင်းက ဇင်းကျိုက်မြို့ မီးသတ်စခန်း၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင်မြို့နယ်စီမံကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦး ကသင်တန်းဆင်းပွဲ မိန့်ခွန်းပြောကြားရာတွင် အရန်မီးသတ်သည်ပြည်သူအတွက် အားကိုးရသည့် မီးသတ်တပ်ဖွဲ့ဝင် ဖြစ်လာသည့်အတွက်ဂုဏ်ယူပါကြောင်း၊အရန်မီးသတ်အင်အားကိုယခုရှိသည့်အင်အားထက် တိုးပွားလာအောင် ပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း၊သင်တန်းကပို့ချသည့်သင်ခန်းစာများကို လက်တွေ့အသုံးချနိုင်အောင် သင်ယူထားသည့်အတွက် ဝမ်းမြောက်မိပါကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးအောင်လွင် ကသင်တန်းကိုအောင်မြင်စွာတက်‌ရောက်ခဲ့ကြသည့် သင်တန်းသား (၅၀)ဦးအားသင်တန်းဆင်းလက်မှတ်များကိုပေးအပ်ချီးမြှင့်ခဲ့သည်။


အခမ်းအနားသို့ မြို့နယ်စီမံကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်ဦးစီးဌာနမှဦးစီးအရာရှိ ဦးမြတ်ကိုကိုနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ဌာနဆိုင်ရာများတက်ရောက်‌အားပေးခဲ့ကြောင်း သိရသည်။


ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့အနေဖြင့် အရန်မီးသတ်သင်တန်းကိုဖွင့်လှစ်ခြင်းဖြင့် သဘာဝ‌ဘေးကြုံလာပါက ပြည်သူတို့၏ အသက်အိုအိမ်များကိုကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ပါသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)