ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် မြောင်းမြစိုက်ပျိုးရေးသိပ္ပံကျောင်း၏(၂၀၂၂-၂၀၂၃) ခုနှစ် စိုက်ပျိုးရေးဒီပလိုမာ(ပထမ)နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် မြောင်းမြစိုက်ပျိုးရေးသိပ္ပံကျောင်း၏(၂၀၂၂-၂၀၂၃) ခုနှစ် စိုက်ပျိုးရေးဒီပလိုမာ(ပထမ)နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက်






MNP  -   ဇန်နဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၏ (၂၀၂၂-၂၀၂၃) ခုနှစ် စိုက်ပျိုးရေးဒီပလိုမာ (ပထမ) နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က မြောင်းမြစိုက်ပျိုးရေးသိပ္ပံကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့သည်။


 အဆိုပါ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ကြသည်။


ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား/သူ‌လေးများ၏ “အလှပန်းအစဉ်ဖြာဝေ” ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ဆက်အမှာစကား ပြောကြားရာတွင် မောင်တို့မယ်တို့က ခေတ်မှီနိုင်ငံတော်ကြီးတည်ဆောက်ရာတွင် နိုင်ငံတော်ရဲ့ စီးပွားရေးဦးတည်ချက်တစ်ခုဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍတွေမှာ ပါဝင်ထမ်းဆောင်ကြရမည့် အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်လောင်းများဖြစ်ပြီး ခေတ်မီသည့်စိုက်ပျိုးရေး နည်းပညာများကို တောင်သူများဆီ အရောက်ပို့ဖြန့်ဝေပေးရမည့် တာဝန်ရှိကြောင်း၊ နိုင်ငံ့ စွမ်းအားကို တောင်သူဘဝတိုးတတ်မြင့်မားစေသည့် ကဏ္ဍကနေ တစ်ဖက်တစ်လမ်းမြှင့်တင် ဆောင်ရွက်ရမယ်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကိုခြေခံသည့် တိုင်းဒေသကြီးဖြစ်သလို နိုင်ငံသည်လည်း စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်း၊ နည်းပညာဖြစ်ထွန်းအောင်မြင်သည့် နိုင်ငံတွေက သင်ရိုးဇယားတွေကို အခြေခံပြီး သင်ကြားပို့ချနေတာဖြစ်သည့်အတွက် နည်းပညာပိုင်းတွေမှာ တိုးတက်လာမှာဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူတွေအတွက် လက်တွေ့ပြုလုပ်စရာ၊ လေ့လာစရာနေရာတွေ များစွာ ရှိကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ တစ်တက်တအား ပါဝင်ဆောင်ရွက်ရမည့် နိုင်ငံ့သားကောင်း သမီးရတနာများဖြစ်အောင် ကျင့်ကြံနေထိုင် သွားကြပြီးပညာထူးခွန်သော နိုင်ငံတော်ကအားထားရသော စိုက်ပျိုးရေးပညာရှင်များ ဖြစ်စေရန် တိုက်တွန်းပြောကြားသည်။ ဆက်လက်၍ မြောင်းမြစိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်အေးအေးမြင့်က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြား သည်။ 


ထို့နောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ လှူဒါန်းငွေကျပ် ၁၀ သိန်းကို ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။


ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၀−၂၀၂၁ ပညာသင်နှစ်၊ ၂၀၂၃ခုနှစ် ဒုတိယနှစ်သင်တန်းတွင် ပထမဆုရရှိ‌သောကျောင်းသူ နန့်ဝတ်ရည်ကြွယ်၊ ဒုတိယဆုရရှိသော ကျောင်းသား မောင်သူရိန်အောင် နှင့် တတိယဆုရရှိသူကျောင်းသား မောင်အေးအောင်ဖြိုးအား ဆုများအသီးသီးချီးမြှင့်ခဲ့သည်။


ထို့နောက် မြောင်းမြစိုက်ပျိုးရေးသိပွံကျောင်းမှ ကျောင်းသားကျောင်းသူလေးများက သီချင်းများအကများဖြင့် သီဆိုဖျော်ဖြေဧည့်ခဲ့ကြပြီး မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။


မြောင်းမြခရိုင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)