ငါန်းဇွန်မြို့၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါန်းဇွန်မြို့၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ





MNP  -  ဇန်နဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့ နံနက် ၉နာရီက မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပကြောင်းခဲ့ကြောင်း သိရသည်။       


ရှေးဦးစွာ အထက်တန်းအဆင့်ကျောင်းသားကျောင်းသူများက ပညာရေးစုံညီပွဲတော်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမျိုးမင်းသိန်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်သက်သက်မော်တို့က အမှာစကားပြောကြားသည်။


ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ထူးချွန်ဆုရကျောင်းသားကျေုာင်းသူများအားလည်းကောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ ဆရာမများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများက တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ကျောင်းသားကျောင်းသူများအား အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။


သက်နောင်ဦး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)